မြေပြိုကန်ဆည် ကျိုးပေါက်မှု မဖြစ်ရန် ကြိုတင်ကာကွယ်

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဖြစ်ပေါ်နေ တဲ့ မြေပြိုကန်ဆည် ကျိုးပေါက်မှာကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ဒေသ ခံတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် ကြိုတင်ကာကွယ် မှုတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ဝင်တွေ ဧပြီလ ၂၀ ရက်နေ့က ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ကွင်းဆင်းလေ့လာနေစဉ် Photo: Thant Wai Kyaw/ Facebook

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည် ကျိုးပေါက်မှာကို စစ်ကိုင်းတိုင်း ကလေးမြို့နယ် က ဒေသခံတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

လတ်တလောမှာ အန္တရာယ်မရှိနိုင်ပေမယ့် မြေပြိုကန်ဆည် ပြိုကျတာ ကျိုးပေါက်တာ ဖြစ်လာရင် ကလေးမြို့တစ်ခု လုံး ရေလွှမ်းမသွားအောင် နုန်းတားဆည် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ဒါ့အပြင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထားရှိမယ့် ဂိုထောင်တွေ၊ ဒေသခံတွေကို ဘေးကင်းတဲ့ နေ ရာရွှေ့ပြောင်းရမယ့်နေရာတွေ၊ အရေးပေါ်သုံးဖို့ စက်တပ်လှေတွေ ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ကြိုတင်အသိပညာပေးတာတွေကို စတင်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြော ပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာအနီးမှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည်ဟာ ပြီးခဲ့တဲ့နှစ် မိုးတွင်း ကာလမှာ တောင်တွေ ပြိုကျရာကနေ ဆည်ကြီးဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အဲဒီဆည် အနီးတဝိုက်မှာ ဆည်ငယ် ၅ ခုလောက် ရှိနေပြီး အောက်ဖက်မှာ ရာဇဂြိုဟ်ဆည်လည်း တည်ရှိနေပါတယ်။

မြေပြိုကျတာ၊ ငလျင်လှုပ်တာ၊ မိုးကြီးတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါ အဲဒီ ဆည်တွေကြောင့် ကလေးမြို့တစ်ခုလုံး ရေဖုံးလွှမ်း သွားနိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူနေကြတာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေ၊ ဆည်မြောင်းဝန်ကြီးဌာနက ကျွမ်းကျင် ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက စစ်ကိုင်းတိုင်း ကလေး မြို့၊ ချင်းပြည်နယ် တွန်းဇံမြို့တို့မှာ ဒေသခံတွေနဲ့ တေ့ွဆုံခဲ့ပြီး အဲဒီဆည်တွေကိုလည်း သွားရောက်လေ့လာခဲ့ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org