လမ်းမတော် အမှတ် (၃) အုပ်ချုပ်ရေးမှူး အသတ်ခံရ

2021.05.18
လမ်းမတော် အမှတ် (၃) အုပ်ချုပ်ရေးမှူး အသတ်ခံရ ၂၀၂၁ မေလ ၁၈ ရက်နေ့က ပစ်သတ်ခံရတဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တွေ့ရစဉ်
Photo: Citizen Journalist

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဟာ၊ ဒီကနေ့ မနက် ၅ နာရီကျော်က ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြော ပါတယ်။

လမ်းမတော်မြို့နယ်၊ အမှတ် (၈) လမ်းကြားမှာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ကို ဦးခေါင်းသေနတ်မှန်တဲ့ဒဏ်ရာနဲ့ ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးနေတာ တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ လမ်းမတော်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်စောစော ၅ နာရီခွဲကျော် အချိန်လောက်ကလည်း၊ လမ်းမတော် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုလား၊ တခြားပေါက်ကွဲမှု တစ်ခုခုလားဆိုတာကို RFA က သီးသန့်အတည်ပြုစုံစမ်းနိုင်ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။