လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး တစ်ကိုယ်တော် ဆန္ဒပြ

လားရှိုးနည်းပညာတက္ကသိုလ်မှာ စာရွက်စာတန်းကြေးတွေ ကောက်ခံမှု ကြီးမြင့်နေတာ အပါအဝင် ကျောင်းတွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ပဉ္စမနှစ် ကျောင်းသားတစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

လားရှိုးနည်းပညာတက္ကသိုလ်က ဆန္ဒပြကျောင်းသား စိုင်းကျော်စောဟန် ကို တွေ့ရစဉ် .

လားရှိုးနည်းပညာတက္ကသိုလ်မှာ စာရွက်စာတန်းကြေးတွေ ကောက်ခံမှု ကြီးမြင့်နေတာ အပါအဝင် ကျောင်းတွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ပဉ္စမနှစ် ကျောင်းသားတစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

စိုင်းကျော်စောဟန် အမည်ရှိ ကျောင်းသားက ကျောင်းအဝင် မုဒ်ဦးရှေ့မှာ အချက် ၇ ချက်ပါ ပိုစတာ နဲ့အတူ  ညနေပိုင်းအထိ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီး ကျောင်းသားတွေထံကနေ ငွေကြေး ကောက်ခံနေ တာ၊  ဆေးနားခွင့် ကျောင်းပြောင်း သင်ယူခွင့်တွေ ခက်ခဲနေတာ၊ ကျောင်းအတွက် ဆေးခန်းဖွင့်ပေးဖို့၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့၊ သမဂ္ဂ အလံဖြုတ်ချခဲ့တာဖြေရှင်းပေးဖို့စာမေးပွဲရလဒ် မမျှတ တာတွေ ဖြေရှင်းပေးဖို့စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြက္ခဒိန်ကြေး စာရွက်စာတန်းကြေး ရင်ထိုး စတာတွေအတွက် ကျောင်းသူ၊ ကျောင်းသားတစ်ဦးကို တစ်သောင်း လေးထောင်ငါးရာကျပ် ကောက်ခံခဲ့ပြီး၊ မပေးသွင်းရင် ကျောင်းအပ်ခွင့်ပုံစံ ထုတ်မပေးတာမျိုး လုပ်တဲ့အတွက် ကျောင်းသားတွေမှာ မဝယ်ချင်ဘဲ ဝယ်ရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို တစ်ကိုယ်တော် ဆန္ဒပြမှုနဲ့ပတ်သက်လို့ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းအုပ် ဒေါက်တာ အောင်မျိုးလင်း က တချို့အချက်တွေ ညှိုနှိုင်းကြဖို့ပြောပေမယ့် ဆန္ဒပြကျောင်းသားဘက်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ ငွေကြေးကောက်ခံရတာကလည်း ကျောင်းအတွင်း လိုအပ်တဲ့ လှုပ်ရှားမှုတွေမှာ ရန်ပုံငွေရအောင် ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ တိုင်ပင်ပြီးမှဆောင်ရွက်တာဖြစ်ကြောင်း၊ တချို့ တောင်းဆိုချက်တွေဟာ ဝန်ကြီး ဌာနကို တင်ပြပြီး ဆောင်ရွက်ပေးရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ညနေပိုင်းမှာတော့ ဆန္ဒပြကျောင်းသား စိုင်းကျော်စောဟန် နဲ့ စတုတ္တနှစ်ကျောင်းသား ကိုကောင်းထက်မိုး တို့ နှစ်ဦးကို လားရှိုး ခရိုင်ရဲတပ်ဖွဲ့က အမှတ် ၂ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စိုင်းကျော်စောဟန်ကို အမှတ် ၂ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကိုကောင်းထက်မိုး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လားရှိုးနည်းပညာတက္ကသိုလ်မှာ အခုလို ဆန္ဒထုတ်ဖော်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီသတင်းကို အာအက်အေ သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org