လော်ခီးလာ ထိပ်သီးစည်းဝေးပွဲ အချိန် တစ်ရက်ထပ်တိုး

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များရဲ့ ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့ မှာ ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် တစ်ရက် ထပ်ပြီး တိုးလိုက်ပါတယ်။

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲ တတိယနေ့ကို တွေ့ရစဉ်

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များရဲ့ ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့မှာ ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် တစ်ရက် ထပ်ပြီး တိုးလိုက်ပါတယ်။

ဒါ့အပြင် အဖွဲ့ဝင် ၁၆ ဖွဲ့ ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင်တပ်မတော် AA နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA အဖွဲ့တွေရဲ့ တင်ပြချက်များနဲ့ ပတ်သက်လို့လည်း မနက်ဖြန် ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

မူလအစီအစဉ်အရ ထိပ်သီးအစည်းအဝေးကို ရက်ထပ်တိုးလိုက်တာကြောင့် ၈ ရက်နေ့မှ ပြီးဆုံးမှာဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကို  ပူးတွဲကြေညာချက်များ ထုတ်ပြန်ဖို့ရှိတယ် လို့လည်း သိရပါတယ်။

KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org