တိုင်း/ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များအတွက် ဥပဒေလိုတယ်လို့ပြော

သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ တာဝန် ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေကို ဥပဒေပြဌာန်း ထားတာမရှိခြင်းဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ တာဝန် ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေကို ဥပဒေပြဌာန်းထားတာ မရှိခြင်းဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆို တင်သွင်းခဲ့ပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ ဥပဒေအရ တာဝန် ထမ်းဆောင်နေကြတာ ဖြစ်ပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်ကနေ မြို့နယ်အထိ ဥပဒေ လိုအပ်နေသေးတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆို တင်သွင်းခဲ့တာပါ။

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ သူကထောက်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org