ဒီမိုကရေစီနဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်းပြဖို့ တရားဝင် ဆန္ဒပြခွင့် တောင်းဆိုမည်

ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူ တချို့က တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန် ဒဂုံမြို့နယ် ရဲစခန်းမှာ တင်ပြတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကို စမ်းသပ်ဖို့နဲ့ မြန်မာ ပြည်သူတွေဟာ စည်းကမ်း ရှိပြီး ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ အခုလို စီစဉ်တာလို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒလမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဝင်းချိုက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒီလို စီစဉ်ရာမှာ စီတန်း လှည့်လည်တာ ပါဝင်မှာ မဟုတ်ဘဲ စာရွက်ဝေတာနဲ့ ဟောပြောတာတွေပဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ဒဂုံမြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုတဲ့ နေရာမှာ ဆန္ဒပြမှာ ဖြစ်ပြီး ပါဝင်မယ့်သူ လူ ၅၀ သတ်မှတ်ထားတယ်လို့လည်း ဦးဝင်းချိုက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org