လွိုင်ကော်မြို့ပေါ် ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်း ဝင်တိုက်ခံရ

2022.01.15
လွိုင်ကော်မြို့ပေါ် ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်း ဝင်တိုက်ခံရ KDF တပ်ဖွဲ့ဝင် အချို့ကို တွေ့ရစဉ်
Photo: Karenni Democratic Front

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနအနီး ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) နဲ့ GZ - 21 (လွိုင်ကော်) ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၄ ရက် မနေ့က တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ယောက် သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်၊ ည ၁၂ နာရီခွဲဝန်းကျင်က ဝင်တိုက်ခိုက်ခဲ့တာလို့ KDF ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်း က ပြောပါတယ်။

"လမ်းတစ်လမ်းစာလောက်ပဲ ခြားတာဆိုတော့ ကျွန်တော်တို့ပစ်တာ သူတို့ကို ထိတယ်ဆိုတာ မြင်တယ်။ သုံးယောက်လောက် ထိသွားတာ မြင်တယ်။ နောက်ပြီး ကင်းပုန်းထဲကို ၄၀ မမ ဗုံးသီးနဲ့ ပစ်တဲ့ အခါ နှစ်လုံးလောက် မှန်သွားတယ်"

အဲဒီတိုက်ပွဲဟာ မိနစ် ၂၀ ဝန်းကျင်ကြာမြင့်ခဲ့ပြီး KDF နဲ့ GZ-21 (လွိုင်ကော်) ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ KDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းကလည်း အဲဒီ အကျဉ်းဦးစီးအနီးမှာပဲ KDF၊ ဒီးမော့ဆို PDF နဲ့ GZ-21 (လွိုင်ကော်) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ငါးယောက်သေဆုံးခဲ့ပြီး KDF ဘက်က တစ်ယောက်သေဆုံးခဲ့တယ်လို့ KDF က ပြောပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို RFA အနေနဲ့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးပညာဇောတ
2022-01-16 09:09

အရင်ပုံစံက အများပြည်သူ သိသင့်တဲ့ သတင်းလေးတွေဆို Facebook က ရှယ်ပေးရတာလွယ်တယ် ခုဟာက မလွယ်ဘူးဖြစ်နေတယ်။