လက်ပံတောင်း မြေယာလျော်ကြေးထုတ်ဖို့ ဒေသခံတွေ ငြင်းပယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဘဏ်မှာအပ်နှံထားတဲ့ လျော်ကြေး ထုတ်ယူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ကြားဝင် ဆွေးနွေးခဲ့ပေမယ့် ဒေသခံတွေက လက်မခံပဲ လျော်ကြေးငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကို တွေ့ရစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဘဏ်မှာအပ်နှံထားတဲ့ လျော်ကြေး ထုတ်ယူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ကြားဝင် ဆွေးနွေး ခဲ့ပေမယ့် ဒေသခံတွေက လက်မခံပဲ လျော်ကြေးငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့တွေက မနေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

စီမံကိန်း လုပ်ဆောင်နေတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေကို လေးစားလိုက်နာမှုမရှိတာကြောင့် လျော်ကြေးငွေတွေကို လက်မခံတာဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်စန်းနွဲ့က ပြောပါတယ်။

“ဒါက သွေးရိုးသားရိုး မဟုတ်ဘူး။ ဝမ်ပေါင်၊ ဦးပိုင်က  ဒေသခံတွေကို စိတ်ဝမ်းမကွဲကွဲအောင်ကို သူတို့ လုပ်နေကြတယ်။ နည်းမျိုးစုံနဲ့ခွဲတယ်။ စုံကော်အစီရင်ခံစာကို လေးစားလိုက်နာမှုမရှိဘဲ ချိုးဖောက်နေလို့ ကျမတို့ဆိုရင် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေတဲ့သူပါပဲ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် တစ်ဧကကို လျော်ကြေးငွေ ၁၀ သိန်း၊ ထောက်ပံ့ကြေးအနေနဲ့ ၈ သိန်း စုစုပေါင်း ၁၈ သိန်းကို ၂၀၁၄ ခုနှစ်က ပေးခဲ့တာဖြစ်ပြီး လျော်ကြေး လက်မခံသူတွေအတွက် ဘဏ်မှာ အပ်နှံပေးထားတာဖြစ်ပါတယ်။

ဘဏ်မှာ အပ်နှံပေးထားတာဖြစ်တာကြောင့် မြေယာလျော်ကြေးအတွက် ရရှိမယ့် နစ်နာကြေးနဲ့ ဘဏ်မှာ အပ်နှံထားချိန် ၄ နှစ်နီးပါးအတွက် အတိုးရရှိမယ့် ငွေကြေးတွေကိုပါ တစ်ပါတည်း ထုတ်ယူကြဖို့ NLD အလုပ် အမှုဆောင်တွေက သွားရောက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို လက်ပံတောင်းတောင်အနီးက တုံကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး တောင်သူ ၃၀ ခန့် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org