မင်းဘူးက သတင်းထောက် ဦးတင်ရွှေ ထောင်သုံးနှစ် ချမှတ်ခံရ

2022.01.21
မင်းဘူးက သတင်းထောက် ဦးတင်ရွှေ ထောင်သုံးနှစ် ချမှတ်ခံရ မကွေးပို့စ် သတင်းဌာနက သတင်းထောက် ဦးတင်ရွှေကို တွေ့ရစဥ်
Photo - Magway Post News
မကွေးတိုင်းအတွင်းက သတင်းတွေကို အဓိကရေးသားဖြန့်ဝေနေတဲ့ မင်းဘူးမြို့အခြေစိုက် မကွေးပို့စ် သတင်းဌာနက သတင်းထောက် ဦးတင်ရွှေဟာ ဇန်နဝါရီလ ၂၁ ရက် ဒီနေ့ ညနေ ပိုင်းမှာ မကွေးထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။
 
"မကွေးထောင်ထဲမှာစစ်တဲ့ မင်းဘူးမြို့နယ် တရားရုံးကနေ သူ့ကို အလုပ်မပါ ထောင် သုံးနှစ် ချလိုက်ပါတယ်။ ချလိုက်တဲ့ပုဒ်မကတော့ ၅၀၅(ဂ) သွေးထိုးလှုံဆော်မှု သဘော မျိုးပေါ့။ သူက ပြီးခဲ့တဲ့နှစ် မတ်လကတည်းက အဖမ်းခံထားရတာပါ” လို့ သတင်းထောက် ဦးတင်ရွှေနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။
 
ဦးတင်ရွှေဟာ မင်းဘူးမြို့နယ်မှာ ၂၀၁၀ ခုနှစ်ခန့်ကစလို့ သတင်းသမားအဖြစ် အသက် မွေးဝမ်းကျောင်းပြုနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
 
၂၀၂၁ ခုနှစ် မတ်လက မကွေးပို့စ်ဂျာနယ်က တင်ထားတဲ့ မင်းဘူးမြို့ရဲ့ ညသပိတ် သတင်း တစ်ခုကို မင်းဘူးမြို့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ဂရုတစ်ခုမှာ မျှဝေခဲ့တာနဲ့ ပတ်သက်လို့ မင်းဘူး မြို့နယ် ရဲစခန်းက လာရောက်ဖြေရှင်းဖို့ ခေါ်ယူစဉ် ဦးတင်ရွှေက သွားရောက်ခဲ့ရာမှာ တစ်ခါ တည်း အဖမ်းခံခဲ့ရတာပါ။
 
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အဖမ်းခံရတဲ့သတင်းသမား ၁၂၅ ဦးရှိပြီး အဲဒီထဲက ၆၅ ဦး ပြန်လွတ်လာပေမယ့် သတင်းသမား ၆၀ ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။