သန္တိသုခအရေး ဖြေရှင်းပေးဖို့ မန္တလေးသံဃာများ တောင်းဆို

ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိ သုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထား ရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

မဟာသန္တိသုခကျောင်းပုံ Photo: yatanavasatemple.ning.com

ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်း တိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော် ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထားရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေ ရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅  ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အထက်မြန်မာပြည်သံဃာတော်တွေ ရဲ့ တောင်းဆို ချက်တွေထဲမှာ မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက် စီးနင်းမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း၊ ဖမ်းဆီးထားတဲ့ သံဃာ ၅ ပါးကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေး ဖို့ တောင်းဆိုကြောင်း၊ ကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဝိနည်းဓမ္မနဲ့အညီ ဖြေရှင်းပေးရေးနဲ့ အာဏာပိုင်တွေက ရဟန်းသံဃာတွေအပေါ် အကြမ်းဖက်ဆောင်ရွက်ချက်တွေနဲ့ သံဃာထုကိုဖြိုခွဲဖို့ လုပ်ဆောင်ချက် များကို ကန့်ကွက်ကြောင်း ရေးသားထားပါတယ်။

ဒီတောင်းဆိုတဲ့ ကြေညာချက်ကို ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်ဟောင်း၊ မြတောင်၊ မဟာဂန္ဓာရုံ၊ အနောက်ခင်မကန်၊ မိုးကောင်း၊ တောင်ထီးလင်း စတဲ့ ကျောင်းတိုက်ကြီးတွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ရေးထိုး ထုတ်ပြန် တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org