လူကုန်ကူးမှုနဲ့ စစ်ဆေးခံနေရတဲ့ မလေးရှားဝန်ကြီးဟောင်း မြန်မာပြည်တွင်းမှာရှိနေ

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး မြန်မာနိုင်ငံရောက်နေတာလို့ မလေးရှား စီအိုင်ဒီအဖွဲ့ခေါင်းဆောင်က ပြောကြောင်း စထရိတ်တိုင်းသတင်းမှာ ဒီနေ့ဖော်ပြပါတယ်။

၂ဝ၂ဝ ပြည့်နှစ်က ကွာလာလမ်ပူတွင် ကျင်းပသည့် Dongmei လုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသော မလေးရှား ဒုဝန်ကြီးဟောင်း Datuk Mashitah Ibrahim။ Mashitah Ibrahim/Facebook

မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး စစ်ဆေးခံနေရတဲ့ မလေးရှား ဒု-ဝန်ကြီးဟောင်း Datuk Mashitah Ibrahim ဟာ မြန်မာနိုင်ငံထဲမှာပဲ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

သူဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး မြန်မာနိုင်ငံရောက်နေတာလို့ မလေးရှား စီအိုင်ဒီအဖွဲ့ခေါင်းဆောင်က ပြောကြောင်း စထရိတ်တိုင်းသတင်းမှာ ဒီနေ့ဖော်ပြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ လည်ပတ်နေတဲ့ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး၊ အချက်အလက်တွေရှာဖွေနေတယ်လို့ဆိုပါတယ်။

ဒု-ဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းတို့ကို စစ်ဆေးဖို့ မလေးရှား နိုင်ငံတကာ လူသားချင်းစာနာရေး အဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တိုင်ကြားထားတာပါ။

သူတို့ဟာ ကရင်ပြည်နယ်က အွန်လိုင်းငွေလိမ်ခြံဝင်းတစ်ခုဖြစ်တဲ့ Dongmei Park လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ မလေးရှား ဒု-ဝန်ကြီးဟောင်းကတော့ ဒီကိစ္စတွေကို ငြင်းဆိုထားတာပါ။

လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တာကို တားဆီးမှာဖြစ်ပြီး ပါဝင်ပတ်သက်တာကို အတည်ပြုနိုင်ရင် ဥပဒေအတိုင်းအရေးယူမယ်လို့ မလေးရှားရဲတပ်ဖွဲ့ကပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org