မန္တလေး ဗြဟ္မစိုရ်အသင်း ရေဘေးကူညီ
မန္တလေးဗြဟ္မစိုရ်အသင်းက စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းအဖွဲ့ဟာ ရေဘေး ဒုက္ခသည်တွေ ရှိရာကို ဒီကနေ့ သွားရောက်ပြီး ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
-
2011-08-29 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းကစပြီး ရေကြီးနေတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ဒီနေ့ ဆေးဝါးကုသပေးပြီး မနက်ဖြန်ကျရင် ငွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် လှူဒါန်းမယ်လို့ မန္တလေး ဗြဟ္မစိုရ်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောပါတယ်။
“ဧရာဝတီမြစ်ဘေးနဲ့ နီးတဲ့ တာရိုးရဲ့ ချိုင့်ကျတဲ့နေရာတွေ၊ ရေဝင်နေတဲ့ နေရာတွေကို ဆရာဝန်ကြီးတွေ ကားသုံးစီးနဲ့ သွားပြီး ကျန်းမာရေးစောင့်ရှောက်မှု သွားရောက် ဆောင်ရွက်နေပါတယ်။ အိမ်ထောင်စုအလိုက် စခန်းဖွင့်ထားတဲ့ နေရာတွေမှာ ငွေတသောင်းစီနဲ့ မုန့်ကြွပ်ထုတ်အကြီး၊ ကွတ်ကီးမုန့်ထုတ်၊ မာမီးမုန့်ခြောက်၊ ခြင်မကိုက်အောင် လိမ်းဆေး၊ ရှူဆေး၊ ဆပ်ပြာတောင့်၊ အချိုရည်၊ ရေသန့် အဲဒါတွေကို မနက်ဖြန်ကျရင် သွားလှူပါ့မယ်”
ခန့်မှန်းခြေအားဖြင့် အိမ်ထောင်စု ၂၅ဝ က လူဦးရေ တထောင်လောက်ကို ဒီကနေ့ ဆေးဝါး ကုသပေးခဲ့တယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၂ဝဝ၈ ခုနှစ် မေလက မုန်တိုင်း တိုက်ခဲ့တုန်းကလည်း မန္တလေးဗြဟ္မစိုရ်အသင်းက အစွန်အဖျားဒေသတွေ ရောက်အောင်သွားပြီး ဆေးဝါး၊ အဝတ်အထည်တွေ လှူဒါန်းရုံမက စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးတွေကို လိုအပ်ရင် လိုအပ်သလို ပြုပြင် တည်ဆောက်ပေးခဲ့ပါတယ်။ နာရေးကိစ္စတွေမှာ အကူအညီပေးဖို့ တည်ထောင်ခဲ့တဲ့ ဗြဟ္မစိုရ်အသင်းဟာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ရတိုင်း အကူအညီ
ပေးခဲ့တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
မန္တလေးဗြဟ္မစိုရ်အသင်းရဲ့ လူမှုရေးလုပ်ငန်းတွေကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |