မန္တလေး အဓိကရုဏ်းနောက်ခံ မုဒိမ်းမှှု လိမ်ညာမှှုအဖြစ် ပိတ်လိုက်ပြီ

မန္တလေးမြို့က အဓိကရုဏ်းတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ မုဒိမ်းပြုကျင့်မှှုဆို တာကို လိမ်ညာတိုင်တန်းမှှုအဖြစ် စုံစမ်းတွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာက အမှုကိုပိတ်လိုက်ပြီလို့သိရပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးတင်းကြပ်ထားစဉ် Photo:Hsat paing toe / RFA

မန္တလေးမြို့က အဓိကရုဏ်းတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ မုဒိမ်းပြုကျင့်မှှုဆိုတာကို လိမ်ညာတိုင်တန်းမှှုအဖြစ် စုံစမ်းတွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာက အမှုကို ပိတ်လိုက်ပြီလို့သိရပါတယ်။

ဒီကိစ္စမှာ မန္တလေးမြို့ ဆန်းကဖေးလ္ဘက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့ မစိုးစိုးဆိုသူက သူ့ကို ဆိုင်ပိုင်ရှင်၂ ဦးက အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲပြီး ပျဉ်းမနားမြို့မှာ အမှှုဖွင့် ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ရှိ ခရိုင်ရဲမှူးကြီး ဦိးစိန်ထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာ

"ဖြစ်တာကတော့ ပျဉ်းမနားမှာဖြစ် တယ်၊ နေပြည်တော်ကပဲ စုံစမ်းတာပေါ့နော်၊ နောက် ဒီကအမှှုတွေလည်း ပြန်ပြီးတော့ ဖြေဖျက်တဲ့အခါကျရင် နောက်ပိုင်းလက်ရှိပေါ်ပေါက်ချက် အနေအထားအရ ဒီအမှှုဟာ လိမ်လည်တိုင်တန်းတယ်ဆိုတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ဒီလိမ်လည်တိုင်တန်းတဲ့အမှှု ကို ပြန်ရုပ်သိမ်းရမှာပေါ့၊ အမျိုးသမီးတစ်ယောက် တိုင်တယ်ဗျ၊ မစိုးစိုးဆိုတဲ့ အမျိုးသမီးတစ်ယောက် တိုင်တယ်ပေါ့၊ မစိုးစိုးကို နောက်ကွယ်ကနေပြီးတော့ တွန်းအားပေးတဲ့သူတွေပါတာပေါ့"

ဒီအမှှုဟာ လိမ်ညာမှှုဖြစ်ကြောင်း နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့၊ မူခင်းတပ်ဖွဲ့ စတဲ့ အဖွဲ့တွေ ပူးပေါင်းဖေါ်ထုတ်တာဖြစ်ပြီး ဒီအမူကိုလိမ်ညာတိုင်တန်းတဲ့ မစိုးစိုးကိုနောက်ကွယ်က တွန်းအားပေးခဲ့သူတွေရှိတဲ့ အတွက် ဆက်လက်စုံစမ်းနေကြောင်းဖြင့်လည်း ရဲမှူးကြီး ဦးစိန်ထွန်းကပြောပါတယ်။ လက်ရှိမှာတော့ အဲဒီနောက်ကွယ် က သူတွေကို ဖမ်းဆီးမိခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org