မန္တလေးမြို့ပဋိပက္ခအမှု ပတ်သက်သူများ စတင် စစ်ဆေး

မန္တလေးမြို့ ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင်ပတ် သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ်တရား ရုံးမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည) တို့နဲ့ ဒီနေ့ ပထမ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးတင်းကြပ်ထားစဉ် Photo:Hsat paing toe / RFA

မန္တလေးမြို့ ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင်ပတ်သက်သူ ၄ ဦးကို ပျဉ်းမနား မြို့နယ်တရားရုံးမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည) တို့နဲ့ ဒီနေ့ ပထမ အကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ တရားရုံးမှာ တရားလိုပြသက်သေနှစ်ဦးဖြစ်တဲ့ ဒုတိယရဲမှူးကြီး မျိုးသိန်းဝင်း၊ ရဲအုပ် ဇော်နိုင်အောင် တို့ကို စတင်စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ အမှုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှုစစ်ဆေးတာနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူရဲ့  တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်း က အခုလိုပြောပါတယ်။

"စွဲတာက ၅ ( ည ) ပါမယ်၊ ( င ) ပါမယ်၊ ( ဃ ) ပါမယ်နော် စွဲတာက ဒေါ်နုနုမြတ်၊ မဖြူဖြူမင်း(ခ ) ကတုံးမ နောက် ကိုရဲထွဋ်ပါမယ် ၊ နောက် ကိုထွန်းထွန်းပါမယ်၊  ဒီလေးယောက်ထဲပါ အဓိကကတော့ တရားခွင်မှာ စစ်ဆေးတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ပြောခွင့်မရှိဘူး ၊သက်သေခံပုဒ်မ (၁၂၅ ) ၊ ( ၁၂၆ ) နဲ့လောလောဆယ်ကာထားတယ်၊ ဥပဒေကြောင်းအရ အားလုံးထုတ်ဖော်ပြောလို့ မရသေးပါဘူး အမှှုအခြေအနေအရအဲလောက်ပဲ တရားလိုဖက်က သက်သေ ၂ ယောက်စစ်တယ်"

မြန်မာအမျိုးသမီးတစ်ဦး ဘာသာခြားတွေရဲ့ မတရားပြုကျင့်ခံရတယ်ဆိုတဲ့ တိုင်တန်းမှုနဲ့ဆက်စပ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ညက မန္တလေးမြို့မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆူပူအကြမ်းဖက်မှုတွေကြောင့် လူ ၂ ဦးသေဆုံးပြီး ဘာသာရေးအဆောက်အုံတွေ၊ ဆိုင်ခန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org