မန္တလေးမြို့ မီးလောင်မှု နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်း ကြား ၃၆ လမ်းမှာ ဒီကနေ့ မနက် ၈ နာရီ ခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၆ လုံး ဆုံးရှုံးသွားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်းကြား ၃၆ လမ်းမှာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားနေစဉ်ကို တွေ့ရစဉ် Photo: Myo Thant Khaing/ RFA

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်းကြား ၃၆ လမ်းမှာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွား ခဲ့တဲ့အတွက် နေအိမ် ၆ လုံး ဆုံးရှုံးသွားခဲ့ပါတယ်။

မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့က မနက် ၉ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ကာလ တန်ဖိုး ၃၅ သိန်း တစ်သောင်းဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ် တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကိုတော့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး လူသူ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org