မန္တလေးမှာ လူ ၅ ဦး ထပ်မံ ဖမ်းဆီး

မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်က လူငါးဦးကို ထပ်မံဖမ်းဆီးလိုက် တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ က RFA ကိုပြောပါတယ်။ ဇူလိုင်လ၁ရက်နေ့ညက စတင်ဖြစ် ပွားတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့ကအထိ ဖမ်းစီးထားသူ ၄ ဦးရှိပါတယ်။

မန္တလေးမြို့မှာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ညကဖြစ်ခဲ့တဲ့ ဆူပူမှုအတွင်း ဖျက်ဆီးခံရတဲ့ ဈေးဆိုင်တချို့ကို တွေ့ရစဉ် Photo:Hset Paing Toe/RFA

မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်က လူငါးဦးကို ထပ်မံဖမ်းဆီးလိုက်တယ် လို့ ခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။

ဇူလိုင်လ၁ရက်နေ့ညက စတင်ဖြစ်ပွားတဲ့ ဆူပူ အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့ကအထိ ဖမ်းစီးထားသူ ၄ ဦးရှိပါတယ်။ ဒီကနေ့ ဆက်လက် ဖမ်းဆီးလိုက်သူ ၅ ဦး စလုံးဟာ အစ္စလာမ်ဘာသာ ဝင်တွေဖြစ်ပြီး ဗလီတစ်ခု အတွင်း ဓါး၊ လှံလက်နက်တချို့ နဲ့ အတူဖမ်းမိခဲ့တာလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့ က ရဲမှူး ဦးစိန်ထွန်းကပြောပါတယ်။

"မနက်က ဂျွန်းဗလီကို ဝင်ရှာလိုက်တော့ ဒီလူ ၅ ယောက်ကိုတော့ ဓါးတွေ၊ လှံတွေ၊ ဂွတွေနဲ့တွေ့ လို့ အရေးယူလိုက်ရတယ်"

ရဲတပ်ဖွဲ့သိမ်းစီးသွားတဲ့ ဓါးတွေဟာ ဘာသာရေးအခမ်း အနားတွေမှာ အသုံးပြုတဲ့ဓါးတွေဖြစ်တယ်လို့ အစ္စလာမ် အသိုင်းအဝိုင်းက ဆိုပါတယ်။

ဒီကနေ့လည်း  ဇူလိုင်လ ၂ရက်နေ့က ဆူပူမှုများအတွင်းသေဆုံးခဲ့သူ ကိုထွန်းထွန်းရဲ့အသုဘကို ကြာနီကန်သုဿန်မှာ သြင်္ဂိုဟ်ရာမှာ အသုဘလိုက်ပို့သူတချို့က သုဿန်အတွင်း ဖျက်ဆီးမှုတချို့ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အသုဘလိုက်ပို့သူတွေဟာ အစ္စလာမ်ဘာသာဝင် သုဿန်အတွင်းက သုတအေးရိပ်ငြိမ် ဗလီကို မီးရှို့ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကိုထွန်းထွန်းရဲ့အသုဘကို လိုက်လံပို့ဆောင်သူ ၅ထောင်ခန့်ရှိပြီး ကြာနီကန် သုဿန်အတွင်း ရောက်ချိန်မှာ လူ တချို့စိတ်မထိန်းနိုင်ဘဲ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ညနေပိုင်းမှာလည်း မြို့အ တွင်းလူစုရုံးမှုတချို့ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံလူစုခွဲနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က အခြေအနေ နဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်ကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

ဒီအတောအတွင်း မန္တလေးမြို့မှာဖြစ်ပွားတဲ့ အဓိကရုဏ်းကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့ ဇူလိုင် ၃ ရက် မနေ့ညက မြန်မာနိုင်ငံတွင်းမှာ FaceBook လူမှုရေးကွန်ရက် အင်တာနက်ဝက်ဘ်ဆိုဒ် နာရီအတန်ကြာ ယာယီပိတ်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မန္တလေးမြို့ အိုင်တီနည်းပညာ ကျွမ်းကျင်ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးရဲမြတ်သူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org