မန္တလေးမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စစ်ဆေး
မန္တလေးမြို့က နေရာအနှံ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသွား အလာတွေကို ယခင်နေ့တွေကထက် ဒီနေ့ တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
- 2022-01-09
-
-
-
မန္တလေးမြို့က နေရာအနှံ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသွားအလာတွေကို ယခင်နေ့တွေ ကထက် ဒီနေ့ တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ယာဉ်ထိန်းရဲတွေနဲ့ စစ်သားတွေက ဆိုင်ကယ်နဲ့ ကားတွေကို တင်းကျပ်စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ ဆိုင်ကယ်တွေ၊ ကားတွေအကုန်စစ်နေတာ။ ဖမ်းခံရလို့ သူတို့စစ်မေးတာတွေ မပါရင် ဒဏ်ကြေး သုံးသောင်းပဲ။ ဖမ်းခံရတဲ့သူတွေ အများကြီးပဲ။ သူတို့က လမ်းကြားတွေကစ ကင်းပုန်းနဲ့ စောင့်ဖမ်းတာ ဆိုတော့ ပတ်ထွက်ပြေးလို့ကိုမရဘူး။ အရင်က တစ်နေကုန် ဖမ်းတာမျိုးမရှိဘူး၊ အခုက မနက်၊ ညနေ တစ်နေကုန် ဖမ်းနေတာ “
ဒီနေ့ မနက်ပိုင်းက မေမြို့လမ်း၊ အောင်ပင်လယ်ရွာလယ်လမ်း၊ ၁၉ လမ်းနဲ့ ၅၈ လမ်း၊ လမ်း ၃၀ နဲ့ ၅၄ လမ်း၊ နိုင်ငံခြားဘာသာတက္ကသိုလ်အနီး၊ မနော်ဟရီလမ်း၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြား စတဲ့နေရာတွေမှာ တင်းကျပ် စစ်ဆေးနေတာလို့ဆိုပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီ တပ်သားတွေပါလာတဲ့ ရထားတွဲဟယ လမ်း ၇၀ မှာ မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။