မန္တလေးမြို့ အကြမ်းဖက်မှု မသင်္ကာသူ ၁၆ ဦး ဖမ်းဆီးထား

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ဦးကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖဲွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦး က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးတင်းကြပ်ထားစဉ် Photo:Hsat paing toe / RFA

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖမ်းဆီးအရေးယူ ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖဲွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးကတည်းက လိုက်နာမှု ပျက်ကွက်သူတွေကိုလည်း အရေးယူထား တာရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးအင်အား တစ်ထောင်ကျော်အသုံးပြုထားကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ညတွေ မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ၂ ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးလောက်ရှိခဲ့ပါတယ်။ နှစ်ည ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် မန္တလေး၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ ချမ်းမြသာစည် စတဲ့ မြို့နယ် ၇ မြို့နယ်မှာ ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပါတယ်။

ဒုတိယရဲမှူးကြီး ဇော်မင်းဦးကို သတင်းထောက် မရတနာဦး မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org