ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ လုပ်ငန်းစတော့မည်

မြန်မာနိုင်ငံမှာ တရားမဝင်ရရှိတဲ့ ငွေတွေ ကို တရားဝင်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြ တာတွေကို ထိ ထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ဖို့အတွက် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက မနေ့က ပြောပါ တယ်။

မြန်မာနိုင်ငံမှာ တရားမဝင်ရရှိတဲ့ငွေတွေကို တရားဝင်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ဖို့အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေသစ်ကို ဒီနှစ် ၂ဝ၁၄ မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝ၁၄  သြဂုတ်လ ၁ဝ ရက်နေ့မှာတော့ အစိုးရ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ရဲချုပ် က အတွင်းရေးမှူးအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦးပါ  ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို  စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ လုပ်ပိုင်ခွင့်တွေကိုလည်း  တာဝန်ပေးထားပြီး ဖြစ်ကြောင်းသိရပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အနေနဲ့  တရားမဝင် ငွေကြေးခဝါချမှုတွေ၊ အကြမ်းဖက်မှုတွေ အတွက်  ငွေကြေးထောက်ပံ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူမှာဖြစ်ပါတယ်။

အဲ့ဒီလို အရေးယူနိုင်ဖို့အတွက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ သတင်းပို့အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်သွားမယ် လို့ဆိုပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ ငွေကြေးခဝါချမှုဆိုင်ရာ သတင်းအချက်အလက်ဖလှယ်တာတွေ၊ တိုက်ချက်ရေးတွေပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုလောလောဆယ်မှာ ထိုင်း၊ အင်ဒိုနီးရှား၊ သြစတြေးလျ နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org