ကိုးကန့်မှာ စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်ဖို့ လွှတ်တော်ကို သမ္မတ သဝဏ်လွှာပို့

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ ( ၃လ) ထပ်တိုးပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ဒီကနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် AFP

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ ( ၃လ) ထပ်တိုးပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ဒီကနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်က ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ တာဖြစ်ပြီး ဒီလ ၁၇ ရက်နေ့ သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။

သမ္မတကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စု လွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အားထပ်မံပြီး ရက်ပေါင်း ၉ဝ အထိ ဆက်လက်ပြီး အတည်ဖြစ်စေနိုင်ရေး အတွက် အထက်ပါပြဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ ကိုယ်စား လေးစားစွာဖြင့် အဆိုတင်သွင်းအပ်ပါကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ကိုးကန့်ဒေသမှာ တည်ငြိမ်မှုတွေ ပြန်လည်ရရှိဖို့ဆိုတာကလည်း တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းပေါ်မှာလည်း မူတည်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။

"စစ်ရေးစစ်ရာဆိုတော့ ပြောရတော့ခက်တယ် လုပ်တယ်ဆိုတာ ကိုယ်ကတစ်ယောက်တည်း လုပ်တာမှမဟုတ်တာ၊ ဟိုဖက်က ရန်သူနဲ့လုပ်နေရတာကိုး၊ အဲ့တော့ ရန်သူရဲ့ အနေအထားပေါ်မှာလည်း မူတည်တဲ့အတွက် ဒီဟာတွေအပေါ်မှာတော့ ကိုယ်တို့က လောလောဆယ်မှာတော့ အဖြေကတော့ ဒီအချိန်မှာတော့ မပြီးသေးဘူး၊ လာမယ့် မေ ၁၇ ရက်နေ့ ရက်ပေါင်း ၉ဝ ပြည့်တဲ့အထိလည်း မပြီးသေးဘူး၊ ဒါကြောင့် နောက်ထပ်တိုးဖို့ လိုတယ်ဆိုတဲ့သဘောနဲ့ လုပ်တဲ့သဘောပါပဲ၊ ဒါပေမဲ့ ကိုယ်တို့က အဆိုတင်တာပဲရှိတယ်၊ လွှတ်တော်က ဘယ်လိုဖြတ်မယ်ဆိုတာတော့ နက်ဖြန်ကျမှသိရတာပေါ့၊ ဒါရန်သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ရှိတဲ့နေရာမှာ ကိုယ်တစ်ယောက်တည်းနဲ့ လုပ်လည်းမရဘူး၊ ရန်သူအပေါ်မှာလည်း မူတည်တာပေါ့"

ဒီနေ့လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ရက်ပေါင်း ၉၀ တိုးသင့်၊ မတိုးသင့်ကိစ္စကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org