မယ်ခွေရဲ့ လက်ဆောင်ကဗျာ ဒဿမတန်းမှာ ပြဌာန်းမည်

ရှေးခေတ်အမျိုးသမီးစာဆိုကြီးတစ်ဦးဖြစ်တဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို စနစ်သစ် အခြေခံပညာ အထက်တန်း ဒဿမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မယ်ခွေရဲ့ လက်ဆောင် ကဗျာကို စနစ်သစ် အခြေခံပညာအထက်တန်း ဒဿမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ့်အကြောင်း အစီရင်ခံစာကို ပညာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်မှာ ဖော်ပြထားစဉ် Photo: Ministry of Education, Myanmar

ရှေးခေတ်အမျိုးသမီးစာဆိုကြီးတစ်ဦးဖြစ်တဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို စနစ်သစ် အခြေခံပညာ အထက်တန်း ဒဿမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မယ်ခွေရဲ့ လက်ဆောင်ကဗျာကို အခြေခံပညာ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဝင်တွေရဲ့ သဘောတူညီမှုနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ အသက်အရွယ်၊ အတန်းအဆင့်နဲ့ ပိုသင့်လျော်မယ့် စနစ်သစ် အခြေခံအထက်တန်း ဒဿမတန်း မြန်မာစာဖတ်စာမှာ ထည့်သွင်းပြဌာန်းသွားမယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကဗျာကို အရင်က အဋ္ဌမတန်း မြန်မာဖတ်စာမှာ ပြဋ္ဌာန်းခဲ့ရာမှာ ကျန်းမာရေးရှု့ထောင့်ကနေ ကန့်ကွက်တာ ရှိတဲ့အတွက် ဒီကဗျာကို ထည့်သင့်မထည့်သင့် မြန်မာစာသင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းခဲ့ပြီး သင်ရိုးရေးဆွဲတဲ့အဖွဲ့က မယ်ခွေရဲ့ လက်ဆောင် ကဗျာကို ဖြုတ်လိုက်ပြီး သူနဲ့ခေတ်ပြိုင်ကဗျာတစ်ပုဒ်ကို အစားသွင်းထည့်ခဲ့တာဖြစ်ပါတယ်။

မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ဖြုတ်လိုက်အတွက် လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝေဖန်သံတွေ ဆူညံစွာထွက်ပေါ်လာခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ရသစာပေအရ တန်ဖိုးကြီးမားတဲ့ လက်ဆောင်ကဗျာကို သင်ရိုးကနေ ပယ်ဖျက်စေသူ၊ ပယ်ဖျက်ရန်တိုက် တွန်းသူတို့ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်တစ်စောင်ကို ဇွန် ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ပညာရေးဝန်ကြီးဌာနက မယ်ခွေရဲ့ လက်ဆောင်ကဗျာကို စနစ်သစ် ဒဿမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org