စာပေဟောပြောပွဲကနေ ၈၈ ကိုမြအေး ဖယ်ရှားခံရ

မန္တလေးမြို့ မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မနေ့ညက ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ မူလကြေညာထား ခဲ့တဲ့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ကိုမြအေးကို ထုတ်ပယ် ပစ်ဖို့ သံဃာတော်တချို့က လာရောက်ကန့်ကွက်ခဲ့ကြတဲ့ အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့ မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးကို ထုတ်ပယ်ပစ်ဖို့ ဘုန်းကြီးတချို့ လာရောက်တားမြစ်စဉ် photo: Youtube

မန္တလေးမြို့ မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မနေ့ ညက ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ မူလကြေညာ ထားခဲ့တဲ့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် ကိုမြအေးကို ထုတ်ပယ်ပစ်ဖို့ သံဃာတော်တချို့က လာရောက်ကန့်ကွက်ခဲ့ကြတဲ့ အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီလို သံဃာတချို့ လာရောက်တားမြစ်တဲ့ မှတ်တမ်းရုပ်သံဖိုင်တစ်ခု အင်တာနက်မှာ ချက်ခြင်း ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ကိုမြအေးကို စာပေဟောပြောပွဲကနေ ဖယ်လိုက်ဖို့တားမြစ်နေတဲ့အသံတွေကို အခုလိုကြားရပါတယ်။

"မြအေး အကြောင်းအမျိုးမျိုးကြောင့် မတက်နိုင်တော့ဘူး၊ အစားထိုးရမယ်စကားလုံး မသုံးနဲ့၊ ဘာမှမသုံးနဲ့"

တားမြစ်နေသူတွေက အစားထိုးထည့်သွင်းဖို့ ပြောဆိုရာမှာ ကျန်းမာရေးအရ ကိုမြအေး မလာနိုင်ကြောင်းဆိုတဲ့ စကားရပ်တို့၊ အစားထိုးတယ်ဆိုတဲ့ စကားရပ်တို့ကို ဖေါ်ပြသုံးစွဲခြင်းမပြုဖို့နဲ့ ကိုမြအေးဆိုတဲ့နာမည်ကို မြန်မာလူမျိုးတွေမကြားစေနဲ့ စသဖြင့်လည်း အခုလို ပြောဆိုခဲ့ကြပါတယ်။

"အဲဒီအစားထိုးတယ်ဆိုတာတောင် လက်မခံချင်ဘူး၊ အဲဒီ အစားထိုးတယ်ဆိုတဲ့ စကားလုံးမသုံးနဲ့၊ မြအေးဆိုတဲ့လေသံကို မြန်မာလူမျိုးတွေကြားထဲ မရောက်ချင်ဘူး၊ ဟုတ်လား၊ ဘာအခုမှ သဘောပေါက်တယ် လာပြောနေတာလဲ၊ ရန်ကုန်မှာလဲပဲ ပယ်ခဲ့ပြီးပြီ"

ဒီလို အစွန်းရောက်တဲ့ လုပ်ရပ်မျိုးတွေကို သံဃာအစစ်အမှန်တွေက လုပ်ကိုင်ပြုမူလေ့မရှိတဲ့အတွက် သံဃာအစစ်အမှန်တွေအနေနဲ့အခုလိုကာလမှာ စဉ်းစဉ်းစားချင့်ချင့်ချိန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအဖွဲ့ ဆရာတော်ဦးဓမ္မသီရိက မိန့်ပါတယ်။

"အခုလက်ရှိဖြစ်နေတဲ့ အနေအထားတွေဟာ နိုင်ငံရေးကစားကွက် နိုင်ငံရေးလှည့်ကွက် ကုလားဖန်ထိုးတာလို့ ဦးဇင်းမြင်တယ်၊ သံဃာအစစ်လား အတုလားဆိုတာကတော့ ဒါသံဃာအစစ်အမှန်တို့ရဲ့လုပ်ရပ် မဟုတ်ဘူးပေါ့နော်၊ အဲလိုပဲ ဦးဇင်း သုံးသပ်ချင်တယ်၊ သံဃာအစစ်အမှန်ဆိုရင် ဒီအချိန်မှာ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်လေးနဲ့ ဝိုင်းရံပြီးတော့ လုပ်ဆောင်ပေးကြပါလို့ ဦးဇင်းပြောချင်တယ်"

အဲဒီ မန္တလေးမြို့ မျက်ပါးရပ်က စာပေဟောပြောပွဲကို စာရေးဆရာတွေဖြစ်တဲ့ ဆရာညီမင်းညို၊ ဆရာမောင်သွေးသစ်၊ ဆရာဦးဘုန်း (ဓာတု)၊ ဆရာဇော်ခိုင်ဦး၊ ရုပ်ရှင်သရုပ်ဆောင် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူနဲ့ကိုမြအေးတို့ဟောပြောမယ့်အကြောင်း မူလက ကြေညာထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို ဆရာတော်တချို့နဲ့ရခိုင်အမျိုးသားကွန်ရက်ရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ခုလိုစုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org