သပိတ်မှောက်ကျောင်းသားတွေနဲ့ ပညာရေးဌာနဆွေးနွေးပွဲ မအောင်မြင်

သပိတ်မှောက် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မနေ့ညကတွေဆုံခဲ့ကြပေမယ့် ပညာရေးဝန်ကြီးဌာနက လွှတ်လိုက်တဲ့သူတွေဟာ ဆုံးဖြတ်နိုင်တဲ့လူတွေ မဟုတ်တာကြောင့် မဆွေးနွေးခဲ့ဘူးလို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေ ၂၀၁၉ စက်တင်ဘာ ၂ ရက်နေ့က ကျောင်းရှေ့မှာဆန္ဒပြကြစဉ် Photo: Khaymani Win/RFA

သပိတ်မှောက် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မနေ့ညကတွေဆုံခဲ့ကြပေမယ့် ပညာရေးဝန်ကြီးဌာနက လွှတ်လိုက်တဲ့သူတွေဟာ ဆုံးဖြတ်နိုင်တဲ့လူတွေ မဟုတ်တာကြောင့် မဆွေးနွေးခဲ့ဘူးလို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသားတွေကို အယောင်ပြတွေ့ဆုံဖို့ဘဲ ပြုလုပ်ခဲ့တာကြောင့် ကျောင်းသားတွေအနေနဲ့ မတွေခဲ့တာလို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မယမင်းသူ က ပြောပါတယ်။

မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ သုံးရက်ကတည်းက တက္ကသိုလ် ပင်မဆောင်ရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာဖြစ်ပြီး တောင်းဆိုချက်တွေမရမချင်း ဆက်လက ဆန္ဒပြသွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မန္တလေးတက္ကသိုလ်ဝန်းအတွင်းမှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကစပြီး စားသောက်ဆိုင် ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စိစစ်အရေးယူပေးဖို့၊ ပါမောက္ခချုပ်ကို ရွှေ့ပြောင်းပေးဖို့နဲ့ ကျောင်းအတွင်းမှာပြုလုပ်မယ့် စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ ကျောင်းသားတွေကို အသိပေးဖို့ အပါအဝင် အချက်ငါးချက်ကို တောင်းဆိုဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဒီကနေ့မှာ ပါမောက္ခချုပ်ကိုပါ ဝန်ထမ်းဥပဒေအရ ဖြုတ်ပေးဖို့ ထပ်မံတောင်းဆိုနေတယ်လို့ သိရပါတယ်။

မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်ကတော့ ကျောင်းသားတွေ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်နေကြောင်း ကျောင်းသားတွေ စတင်ဆန္ဒပြတဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org