အမိန့်လိုက်နာရန် ပျက်ကွက်မှုနဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို အငြိမ်းစားပေး

ပညာရေးဝန်ကြီးဌာနက မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အမိန့်ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လို့ဆိုပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ အငြိမ်းစားပေးလိုက်ပါတယ်။

တက္ကသိုလ်ဝင်းထဲမှာ Food Court ဆောက်လုပ်ခွင့်ပြုတဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် စုံစမ်းစစ်ဆေးနေမှု ရလဒ်ကို အမြန်ဆုံးချပြပေးဖို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

ပညာရေးဝန်ကြီးဌာနက မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အမိန့်ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လို့ဆိုပြီး ဇန်နဝါရီလ ၂၈ ရက်နေ့နေ့စွဲနဲ့ အငြိမ်းစားပေးလိုက်ပါတယ်။

မန္တလေးတက္ကသိုလ်ဝင်းအတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ရာမှာ ဥပဒေ ချိုးဖောက်ခဲ့ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် အရေးယူပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက တိုင်ကြားခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်စုံစမ်းခဲ့ပြီး ခုလိုအရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခ ဒေါက်တာ တင်ထွန်းအောင်က တာဝန် ရှိသူတွေရဲ့ လုပ်ထုံးလုပ်နည်းအရ ဖြစ်လာတဲ့အတွက် တစုံတရာမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

ဆရာများသမဂ္ဂက ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကတော့ အဆင့်မြင့်ပညာရေးဝန်ထမ်းတစ်ဦးကို ခုလို အရေးယူမှုကြောင့် ပညာရေးဌာနမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုအောင်ပြည့်စုံဖြိုးကလည်း ဒါဟာ ဥပဒေ ချိုးဖောက်တာ ဖြစ်တဲ့အတွက် ဥပဒေအရဆက်လက်အရေးယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ဒေါက်တာသီတာဝင်းဟာ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့အတွက်  ဝန်ထမ်းအခွင့်အရေးကို ထိခိုက်စေတယ်လို့ မြင်ပါတယ်။

ဒီကနေ့မှာဘဲ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်း၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တွေဖြစ်တဲ့ ဒေါက်တာတင်ထွန်းအောင်၊ ဒေါက်တာမဉ္ဇူမင်း နဲ့ ဒေါက်တာမင်းမင်းရီတို့နဲ့တွေ့ဆုံခဲ့ပြီး အချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီထဲမှာ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးဌာန အတွင်းရေးမှူး ဒေါ်သန်းသန်းအေးကို Food Court အဆောက်အအုံကိစ္စ အမိန့်ညွှန်ကြားချက် မလိုက်နာမှုအတွက် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားအရေးယူဖို့၊ ဒီ Food Court အဆောက်အအုံနဲ့ပတ်သက်ပြီး ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ၊ စုံစမ်းစစ်ဆေးမှုရလဒ်ကို ကျောင်းသားသမဂ္ဂကို ပေးပို့ဖို့တွေနဲ့ မတ်လကုန်အထိ ကျောင်းဖွင့်ကာလ သတ်မှတ်ချက်အပေါ် ပညာရေးဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org