တစ်နေ့လုပ်အားခ ကျပ် ၈ထောင်ကနေ ၁သောင်းကြားပေးဖို့ တောင်းဆို

ရှမ်းပြည်နယ်က သတ္တုတွင်းမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေက တစ်ဦးကို တစ်နေ့လုပ်ခ ကျပ် ၈ထောင်ကနေ တစ်သောင်းကြား သတ်မှတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့တွေ တေ့ွ ဆုံပွဲမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

နမ္မတူဘော်တွင်းသတ္တုတွင်းပုံ .

ရှမ်းပြည်နယ်က သတ္တုတွင်းမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေက တစ်ဦးကို တစ်နေ့လုပ်ခ ကျပ် ၈ထောင်ကနေ တစ်သောင်းကြား သတ်မှတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့တွေ တေ့ွဆုံပွဲမှာ တောင်းဆိုထားတယ် လို့ သိရပါတယ်။  

အလုပ်သမား ၁၀ ယောက်နဲ့အထက် လုပ်ငန်းတွေကိုသာ အနည်းဆုံးအခကြေးငွေသတ်မှတ်ဖို့နဲ့ သတ္တုတွင်း အလုပ်သမားတွေအတွက် တနေ့လုပ်အားခ ၈ ထောင်နဲ့ ၁ သောင်းကြားမှာ ဖြစ်သင့်တဲ့အကြောင်း ဆွေးနွေး ခဲ့တယ်လို့ နမ္မတူဘော်တွင်းအလုပ်သမားအဖွဲ့က ကိုမြင့်ဦးက ပြောပါတယ်။

"ဆွေးနွေးပွဲရဲ့ အဖြေကတော့ လောလောဆယ်ကတော့ ၁၀ ယောက်နဲ့ အောက်ကို မသင့်ဘူးလို့ ဆွေးနွေး လိုက်တယ်။ အဲဒါတစ်ပိုင်းပေါ့။ အလုပ်သမား ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတာကတော့ ကျနော် တို့က သတ္တုတွင်းလုပ်သားတွေ ဖြစ်တဲ့အတွက် သတ္တုတွင်းလုပ်သားတွေက ၈ ထောင်နဲ့ ၁ သောင်းကြားမှာ ဖြစ်သင့်တယ်။ အဲ့ဒီဥစ္စာကို လိုအပ်လို့ရှိရင် ကျနော်တို့က အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ ဖြည်းဖြည်းချင်း ဆွေးနွေးသွားဖို့အတွက်ကို ဘုံသဘောတူ သဘောမျိုးအနေနဲ့ ဖြစ်ချင် တယ်ဆိုပြီး ကျနော်တို့က အဲဒါကို အမျိုးသားအဆင့်မှာ ပြန်တင်ပြဖို့ဆိုပြီး ဆွေးနွေးလိုက်တာပေါ့နော်။"

ရှမ်းပြည်နယ်အဆင့် အဆိုပြုတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားတစ်ခု ပေါ်ထွက်လာဖို့အတွက် အလုပ်သမား ညွန်ကြားရေးဦးစီးဌာန၊ အလုပ်ရှင်တွေနဲ့ အလုပ်သမားကော်မတီဝင်တွေ မနေ့က တောင်ကြီးမြို့မှာ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ ခရိုင်အဆင့်အဆိုပြုတဲ့ အနည်းဆုံးအခကြေး ငွေနှုန်းထားသတ်မှတ်ဖို့ ဆွေးနွေးစဉ်က ရှမ်းပြည် နယ်မှာရှိတဲ့ ခရိုင် ၇ ခုထဲမှာ လားရှိုးခရိုင်တစ်ခုကပဲ ၅၂၀၀ ကျပ် သတ်မှတ်ဖို့ တင်ပြခဲ့ပါတယ်။ ကျန်ခရိုင် ၆ ခု ကတော့ ကျပ် ၄၀၀၀ ပေးဖို့ အဆိုပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

အခု ပြည်နယ်အဆင့်က ရရှိလာတဲ့အချက်လက်တွေကို ပြည်ထောင်စုအဆင့် အမျိုးသားကော်မတီထံ တင်ပြသွား ရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org