ဆောက်လုပ်ရေးဝန်ကြီးနေရာအတွက် အဆိုပြုအမည်စာရင်း လွှတ်တော်ထံ တင်
လစ်လပ်နေတဲ့ ဆောက်လုပ်ရေးဝန်ကြီးနေရာအတွက် ဦးဟန်ဇော် ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်ထံတင်ပြပြီး လွှတ်တော်ရဲ့ သဘောထားကို တောင်းယူလာတယ်လို့ လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီနေ့ ကြေညာခဲ့ပါတယ်။
-
2018-01-16 -
-
-
လစ်လပ်နေတဲ့ ဆောက်လုပ်ရေးဝန်ကြီးနေရာအတွက် ဦးဟန်ဇော် ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်ထံတင်ပြပြီး လွှတ်တော်ရဲ့ သဘောထားကို တောင်းယူလာတယ်လို့ လွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ဒီနေ့ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှစ်နေရာ ပူးတွဲတာဝန်ယူထားတဲ့ ဦးဝင်းခိုင်ကို လျှပ်စစ်နဲ စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ကြောင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးအောင်လှထွန်းကို ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အရင်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဦးဖေဇင်ထွန်း ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့နောက် အဲဒီအချိန်က ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကို ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့တာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခန့်အပ်လိုက်တဲ့ ဦးအောင်လှထွန်းဟာ ရိုက်တာသတင်းဌာနမှာ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။