မင်းပြားမှာ ပေါက်ကွဲမှုဖြစ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ရွာတံတားအနီးမှာ ဒီကနေ့ မနက် ၉ နာရီလောက်က တပ်မတော် ထောက်ပို့တပ် ယာဉ်တန်း ဗုံးဖေါက်ကွဲခံရတယ်လို့ မင်းပြားမြို့နယ်ရဲစခန်းက အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ရွာတံတားအနီးမှာ ဒီကနေ့ မနက် ၉ နာရီလောက်က တပ်မတော် ထောက်ပို့တပ် ယာဉ်တန်း ဗုံးဖေါက်ကွဲခံရတယ်လို့ မင်းပြားမြို့နယ်ရဲစခန်းက အတည်ပြုပြောပါတယ်။

ကားမှန်တွေ ကွဲသွားပြီး ထိခိုက်ဒဏ်ရာရရှိတာမရှိခဲ့ဘူးလို့ မင်းပြားမြို့နယ် ရဲစခန်း တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ကားနဲနဲမှန်တွေ ကွဲသွားတာရှိတယ်။ ဗုံးပေါက်တာ မင်းပြားရာမောင် ဖားပျော်တံတားနားမှာပဲ မနက် ပိုင်း ၉ နာရီလောက်ရှိမယ်ထင်တယ် တပ်ကတွေချည်းပဲ တပ်ကကားတွေ၊ တပ်က ထောက်ပို့တပ်’’

အမ်းမြို့အခြေစိုက် အမှတ် ၈၂၈ ထောက်ပို့တပ်ရင်းက ကား ၃ စီးဟာ စစ်တွေမြို့ကိုအသွား မင်းပြား မြို့နယ် ဖားပျော်ရွာနားက ပေ ၂၀ လောက်ရှိတဲ့တံတားနားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗုံး ၃ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထောက်ပို့ကား ၃ စီးထဲက ၂ စီး လေကာမှန် တွေကွဲသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org