မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပသွား မယ်လို့ သိရပါတယ်။

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။  

အဲဒီညီလာခံပြုလုပ်ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး   မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

ဒီညီလာခံကို မွန်ပါတီနှစ်ခုဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။

မွန်တိုင်းရင်းသား အင်အားစုတွေအနေနဲ့ အခုလို ညီလာခံကျင်းပဖို့ ပြင်ဆင်နေသလို တစ်ဘက်မှာလည်း မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ဟာ နှစ်ပါတီပေါင်းစည်းရေးအတွက် ဆွေးနွေးနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org