မွန်ညီညွတ်ရေးပါတီနာယက နိုင်ငွေသိန်း ကွယ်လွန်
မွန်ညီညွတ်ရေးပါတီရဲ့ နာယက အသက် ၈၈ နှစ်အရွယ် နိုင်ငွေသိန်းဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က ကွယ်လွန်သွားတယ်လို့ မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-01-23 -
-
-
မွန်ညီညွတ်ရေးပါတီရဲ့ နာယက အသက် ၈၈ နှစ်အရွယ် နိုင်ငွေသိန်းဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က ကွယ်လွန်သွားတယ်လို့ မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ အာရှတော်ဝင်အထူးကုဆေးရုံမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ်က လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်းနဲ့ ဈာပနအစီအစဉ်ကို နိုင်ငွေသိန်းရဲ့နေအိမ်ရှိရာ မော်လမြိုင်မြို့မှာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။
ကရင်ပြည်နယ်၊ ထုံးအိုင်ရွာ ဇာတိဖြစ်တဲ့ နိုင်ငွေသိန်းဟာ ကျောင်းဆရာ၊ မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးနဲ့ အမှတ်(၂) အခြေခံပညာဦးစီးဌာန အထက်မြန်မာပြည်ညွှန်ကြားရေမှူးတာ၀န်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
၂ဝ၁ဝ ပြည့်နှစ်မှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဖွဲ့စည်းရာမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။
နိုင်ငွေသိန်းဟာ မွန်အမျိုးသားပါတီမှာ ပါတီဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သလို မွန်ပါတီနှစ်ခုပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီမှာလည်း နာယကအဖြစ် မကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။