ငွေစက္ကူတွေ ရုပ်သိမ်းမယ့်သတင်း မမှန်ကန်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်ကနေ ရပ်စဲလိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာငွေရေနေသူတစ်ဦးကို တွေ့ရစဥ်
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေ စက္ကူ အဖြစ်ကနေ ရပ်စဲလိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာပါတယ်။
 
အဲဒီငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်ကနေ ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့နေတဲ့စာဟာလည်း အတုသာဖြစ်ကြောင်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို ပြန်ရုပ်သိမ်းကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်တယ်ဆိုပြီး ရေးသားထားတဲ့စာဟာ ဒီနေ့ နေ့လယ်က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
 
အဲဒီစာအတုကြောင့် ပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေလည်းရှိခဲ့ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org