မြန်မာ MPPL ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်း ဂျပန် Mitsui ကုမ္ပဏီ ဝယ်ယူ
ဂျပန်နိုင်ငံက ကမ္ဘာကျော် Mitsui ကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချဖ့ိုအတွက် MPPL မြန်မာ့ စွမ်းအင် ကုမ္ပဏီလီမိတက်ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ကုမ္ပဏီက မနေ့က ကြေညာလိုက် ပါတယ်။
-
2014-12-17 -
-
-
ဂျပန်နိုင်ငံက ကမ္ဘာကျော် Mitsui ကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချဖ့ိုအတွက် MPPL မြန်မာ့စွမ်းအင် ကုမ္ပဏီလီမိတက်ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ကုမ္ပဏီက မနေ့က ကြေညာလိုက်ပါတယ်။
MPPL ကုမ္ပဏီဟာ MAX power Group ကုမ္ပဏီလက်အောက်ခံဖြစ်ပြီး၊ စင်္ကာပူ အခြေစိုက်ကုမ္ပဏီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ MPPL ကုမ္ပဏီက ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ လျှပ်စစ်ဓါတ်အား ၅ဝ မီဂါဝပ်ထွက်တဲ့ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားစက်ရုံ စက်ရုံတစ်ရုံကို ၂ဝ၁၃ ခုနှစ်မှာ စတင်လည်ပတ်ပြီး၊ မြန်မာ့ လျှပ်စစ်စွမ်းအင်ဌါန MEPE ကို အနှစ် ၃ဝ စာချုပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
Mitsui ကုမ္ပဏီရဲ့ဌာနချုပ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာတည်ရှိပြီး၊ အခုလို MPPL ကုမ္ပဏီရဲ့အစု ၄၄ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းကို ပေးချေပြီးပြီလို့ ဆိုပါတယ်။