မြန်မာကားလမ်းဆောက်ခွင့် တရုတ်ကုမ္ပဏီရသွား
2016.07.09
ကရင်ပြည်နယ် အိန္ဒု-ကော့ကရိတ်အဝေးပြေးကားလမ်းဖောက်လုပ်ရေးကို တရုတ်နိုင်ငံက နာမည်ကျော် CRBC ဆောက်လုပ်ရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားတယ်လို့ သတင်းရရှိပါတယ်။
ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးခွင့်ပြုလိုက်တဲ့ စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ မိုင် ၄၀ ရှည်မယ့် အဲဒီလမ်းအတွက်ကုန်ကျစရိတ်ကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က ရံပုံငွေမတည်ပေးမှာဖြစ် ပါတယ်။
အဲဒီလမ်းဟာ မဟာမဲခေါင်ဒေသ အရှေ့နဲ့ အနောက်စီးပွါးရေးလမ်းမကြီးစီမံကိန်းရဲ့အစိပ်အပိုင်းတစ်ခု ဖြစ်လို့ အရေးပါတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒီလမ်း ဟာ မြန်မာနဲ့ ထိုင်းကိုဆက်သွယ်ဖို့တစ်ခုတည်း မဟုတ်ပဲ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဖွံ့ဖြိုးတိုးတက်ရေးကိုလည်းအထောက်အကူရစေမယ်လို့ ကုမ္ပဏီဥက္ကဌ Wen Gang ကပြောပါတယ်။