မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ကွယ်လွန်

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်တင်အောင်ဟာ အောက်တိုဘာလ ၁၀ ရက် မနေ့ညပိုင်းက ၉၆ ပါးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ MUP က ထုတ်ပြန်ထားပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဥက္ကဋ္ဌ ဦးနိုင်တင်အောင် ကို တွေ့ရစဥ် Photo: MUP

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်တင်အောင်ဟာ အောက်တိုဘာလ ၁၀ ရက် မနေ့ညပိုင်းက ၉၆ ပါးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ MUP က ထုတ်ပြန်ထားပါတယ်။

ဦးနိုင်တင်အောင်ဟာ အသက် (၈၆) နှစ်အရွယ်ရှိသူဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငရွာမှာရှိတဲ့ သူ့နေအိမ်မှာ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ်မှာ သင်္ဂြိုဟ်သွားမယ်လို့ MUP က ဖော်ပြထားပါတယ်။

ဦးနိုင်တင်အောင်ဟာ မကွန်လွန်မီအချိန်အထိ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူဖြစ်သလို ဒါနဲ့ ပတ်သက် လို့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကနေလည်း ဝမ်းနည်းကြောင်း ပေးပို့ထားပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ကို ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။

MUP ပါတီဖြစ်ပေါ်လာဖို့ ကြိုးပမ်းချိန်တုန်းက ဦးနိုင်တင်အောင်ဟာ မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org