ရာသီဥတုဘေးဒဏ် အခံစားရ ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကမ္ဘာတဝှမ်း မှာ မုန်တိုင်းဘေး၊ ရေဘေး၊၊ မြေပြိုတဲ့ဘေး၊ မိုးခေါင်တဲ့ဘေးတွေ အပြင်းထန်ဆုံးခံစားခဲ့ ရတဲ့နိုင်ငံတွေ စာရင်းမှာ ဟွန်ဒူရပ်စ်၊ မြန်မာနဲ့ ဟေ တီ နိုင်ငံတို့ဟာ ထိပ်ဆုံးက ပါဝင်နေကြပြီး၊ ကမ္ဘာ့အပူ ချိန် မြင့်တက်လာနေတာ ကိုမထိန်းချုပ်နိုင်ရင်၊ အခုထက် ပိုပြီး သဘာဝဘေးဒဏ်တွေ ခံစားရလိမ့်မယ်လို့ ရာသီဥတု ဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။

ကျေးရွာတစ်ရွာ ရေဖုံးလွှမ်းနေတာကို တွေ့ရစဉ် ဓါတ်ပုံ - အောင်သိင်္ခ/RFA

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကမ္ဘာတဝှမ်းမှာ မုန်တိုင်းဘေး၊ ရေဘေး၊၊ မြေပြိုတဲ့ဘေး၊ မိုးခေါင်တဲ့ဘေးတွေ အပြင်းထန်ဆုံးခံစားခဲ့ရတဲ့နိုင်ငံတွေ စာရင်းမှာ ဟွန်ဒူးရပ်စ်၊ မြန်မာနဲ့ ဟေတီ နိုင်ငံတို့ဟာ ထိပ်ဆုံးက ပါဝင်နေကြပြီး၊ ကမ္ဘာ့အပူချိန် မြင့်တက်လာနေတာ ကိုမထိန်းချုပ်နိုင်ရင်၊ အခုထက်ပိုပြီး သဘာဝဘေးဒဏ်တွေ ခံစားရလိမ့်မယ်လို့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။

ဂျာမဏီနိုင်ငံ ဘွန်းမြို့အခြေစိုက် Germanwatch အဖွဲ့က ထုတ်ပြန်တဲ့ ၂ဝ၁၆ တစ်ကမ္ဘာလုံးအဆင့် ရာသီဥတု ဆိုင်ရာ အန္တရာယ်ပြညွှန်းကိန်းဇယားမှာ ဖေါ်ပြ ထားတာပါ။ ၁၉၉၅ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ရတဲ့ သဘာဝဘေးဒဏ်တွေကို အဆိုးရွားဆုံး ခံစားခဲ့ကြရတဲ့ နိုင်ငံတွေ အဖြစ် ဟွန်ဒူးရပ်စ်၊ မြန်မာနဲ့ ဟေတီ နိုင်ငံတို့က စာရင်းရဲ့ထိပ်ဆုံးမှာရှိနေကြပါတယ်။

အဲဒီသုံးနိုင်ငံရဲ့နောက်မှာ ဖိလစ်ပိုင်၊ နီကာရာကွ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ ကွတီမာလာ နိုင်ငံတွေရှိကြပါတယ်။

အဲဒီ နှစ်နှစ်ဆယ်အတွင်း ရာသီဥတု ဆိုးဆိုးရွားရွား ဖေါက်ပြန်ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာတဲ့ သဘာ၀ ဘေးဒုက္ခပေါင်း တစ်သောင်းခွဲ ဝန်းကျင်ဖြစ်ပွားခဲ့ပြီး၊ လူ ၅ သိန်းနှစ်သောင်းကျော် သေဆုံးခဲ့ရတယ်လို့ စာရင်း မှာ ဖေါ်ပြထားပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ထရီလီယံနီးပါးရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org