မြန်မာနိုင်ငံမှာ ပူပြင်းတဲ့ အယ်နီညိုဖြစ်ပေါ်နိုင်

ဒီလကစပြီး လာမယ့် မေလအထိ ပူပြင်းတဲ့ အယ်နီညိုဖြစ်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဒီလကစပြီး လာမယ့် မေလအထိ ပူပြင်းတဲ့ အယ်နီညိုဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

အယ်နီညိုကြောင့် ရေရှားပါးလာနိုင်တဲ့အတွက် ရေကြိုတင်စုဆောင်းဖို့လိုအပ်ပြီး အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိထားသင့်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"အဲ့ဒီလိုရှိတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွေမှာဆိုရင်တော့ များသေား အားဖြင့်ဆိုရင်လည်း ပုံမှန်နှစ်တွေတောင်မှ တချို့မြို့ရွာတွေဆိုရင် နွေရာသီဆိုရင် ရေခမ်းခြောက်တဲ့ အတွက်ကြောင့်မို့လို့ ရေအခက်အခဲဒုက္ခ တွေ့ရတဲ့အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့လေ၊ မြစ်ဝ ကျွန်းပေါ်ဒေသပိုင်းမှာလည်း ရေနဲ့ပတ်သက်ပြီးတော့မှ ရေပြတ်လပ်တဲ့ဒဏ်တွေပေါ့လေ မြန်မာနိုင်ငံအောက် ပိုင်းတွေမှာရော ရေပြတ်လပ်မှုဒဏ်တွေကို ကိုယ့်ဟာကိုယ် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်၊ အပူချိန် ပုံမှန်နှစ်တွေထက်ပိုနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဂရုစိုက်ရမယ့် အနေအထားလေးတွေရှိပါတယ်"

အယ်နီညိုဖြစ်ပေါ်လာတဲ့အခါ မိုးနည်းတာ၊ ပုံမှန်ထက် အပူချိန်ပိုများတာ၊ ရေခန်းခြောက်တာတွေ ကြုံတွေ့နိုင်ပြီး လွန်ခဲ့တဲ့ ၁၉၉၇-၁၉၉၈ လောက်က ကမ္ဘာ့နိုင်ငံအတော်များများမှာ ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုကြောင့် လူသောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။

လက်ရှိ ခန့်မှန်းထားတဲ့ အယ်နီညိုဟာ ၁၉၉၇-၁၉၉၈ လောက်က ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုအဆင့်အထိ ဖြစ်နိုင် တယ်လို့ နိုင်ငံတကာက ခန့်မှန်းထားကြောင်းလည်း ဦးကျော်မိုးဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်လောက်က ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org