ရိုဟင်ဂျာအရေးလှုပ်ရှားသူကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ရိုဟင်ဂျာအရေးလှုပ်ရှားသူ မောင်ဇာနည် ခေါ် ကိုဇာနည် ဂျပန်နိုင်ငံကို လာရောက်ဟောပြောမှာနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကို အောက်တိုဘာ ၁၇ ရက်နေ့ မနေ့က စတင်ခဲ့ပါတယ်။

မောင်ဇာနည် ကို တွေ့ရစဉ် Photo: Maung Zarni

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ရိုဟင်ဂျာအရေးလှုပ်ရှားသူ မောင်ဇာနည် ခေါ် ကိုဇာနည် ဂျပန်နိုင်ငံကို လာရောက်ဟောပြောမှာနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကို အောက်တိုဘာ ၁၇ ရက်နေ့ မနေ့က စတင်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်ခဲ့တဲ့ မိတ်ဆွေ ဂျပန်အဖွဲ့အစည်းတွေအနေနဲ့ မောင်ဇာနည်ရဲ့ ဟောပြောချက်တွေကို အမှန်ဟုထင်မြင်မှာကို စိုးရိမ်ကြောင်းနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေ အနေတွေကို မှန်ကန်စွာသိရှိဖို့ အရေးကြီးကြောင်း ဖော်ပြထားပါတယ်။

လှုပ်ရှားမှုမှာပါဝင်တဲ့ ဂျပန်နိုင်ငံ စည်းရုံးရေးကော်မတီ တာဝန်ခံ ဦးသောင်းမြင့််ဦးက လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကို သူတို့ စတင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ကြေညာချက်တွေကို အင်္ဂလိပ်၊ မြန်မာ၊ ဂျပန် သုံးဘာသာနဲ့ ဖြန့်ဝေနေကြောင်း ပြောပါတယ်။

မောင်ဇာနည် ခေါ် ဒေါက်တာ ဇာနည်ဟာ ဒီလ ၂၃ ရက်ခန့်မှာ တောင်ကိုရီးယားနိုင်ငံကနေ ဂျပန်နိုင်ငံကို လာရောက်မယ်လို့ သတင်းရထားကြောင်းလည်း ဦးသောင်းမြင့်ဦးက RFA ကို ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ကိုဇာနည်ကို မက်ဆင်ဂျာက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org