နားချစည်းရုံးမယ့် အဖွဲ့တစ်ခု မြန်မာအစိုးရ ငှားရမ်း

မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Podesta Group ဆိုတဲ့အဖွဲ့ကို သူတို့ကိုယ်စားနိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နားချစည်းရုံးရေးလုပ်ပေးဖို့ အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ တစ်နှစ်စာ ငှားရမ်းစာချုပ်ချုပ်လိုက်တယ်လို့ The Hill သတင်းစာမှာမနေ့က ဖော်ပြလိုက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရက အမေရိကန်အခြေစိုက်အဖွဲ့ကို အလုပ်အပ်လိုက်တာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေက အလွန်အရေးပါပြီး မမျှော်လင့်တဲ့ အကျိုးဆက်တွေ အများကြီးပေါ်လာနိုင်တဲ့ကာလဖြစ်တဲ့အတွက် Podesta  လိုနာမည်ကြီးအဖွဲ့တစ်ခုကိုငှားရမ်းလိုက်တာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စပရစ်စီလာကလက်  Priscilla Clapp ကပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကို ထိုးဖောက်ဖို့အတွက် သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိလို့ပါပဲလို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

အခုငှားရမ်းတဲ့ စည်းရုံးရေးအဖွဲ့ကို မြန်မာအစိုးရက သုံးလတစ်ကြိမ် ဒေါ်လာ နှစ်သိန်းတစ်သောင်းပေးရမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org