မြန်မာနယ်စပ်က မဏိပူရပြည်နယ် ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့ ဂယက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တချို့စိမ့်ဝင်လာကောင်း လာနိုင်တဲ့ အတွက် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည် နယ်က ခရိုင်သုံးခုက အလျားကီလိုမီတာ ၃၈ဝ တလျှောက် မှာ ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့ ဂယက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တချို့စိမ့်ဝင်လာကောင်း လာနိုင်တဲ့အတွက် မြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည်နယ်က ခရိုင်သုံးခုက အလျားကီလိုမီတာ ၃၈ဝ တလျှောက်မှာ ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယစစ်တပ်နဲ့ အာသံရိုင်ဖယ်တပ် အာဏာပိုင်တွေက မေတ္တာရပ်ခံတဲ့အတွက် ညနေ ၅ နာရီက မနက် ၅ ထိ ညမထွက်ရအမိန့် ထုတ်ပြန်တာပါ။ ခရိုင်သုံးခုက တရားသူကြီးတွေက ဆိုင်ရာ နေရာတွေမှာ ညမထွက်ရအမိန့် သီးခြားစီထုတ်ပြန်လိုက်ပြီး နယ်စပ်က ၃ ကီလိုမီတာအကွာမှာ ဘာမှမလှုပ်ရှားဖို့လည်း အမိန့်ထုတ်ပြန်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မဏိပူရ ပြည်နယ်နယ်စပ်တလျှောက်မှာချထားတဲ့ အိန္ဒိယစစ်တပ်နဲ့ အာသံရိုင်ဖယ်တပ်တွေဟာ ညဘက်လှုပ်ရှားမှုတွေကို နိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org