ထိုင်းဝန်ကြီးချုပ် နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ သီးသန့် တွေ့ဆုံ ဆွေးနွေး

ထိပ်သီးအစည်းအဝေး မစတင်မီ ဝန်ကြီးချုပ် Paetongtarn က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး နဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ကိစ္စရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ၆ ကြိမ်မြောက် BIMSTEC ညီလာခံ ဒုတိယနေ့ မစတင်မီ တွေ့ရစဉ်၊ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက် ။ Photo: Reuters Reuters

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က BIMSTEC ညီလာခံကို တက်ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့ ဧပြီလ ၄ ရက် ဒီနေ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

ထိပ်သီးအစည်းအဝေး မစတင်မီ ဝန်ကြီးချုပ် Paetongtarn က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး နဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ကိစ္စရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဓိက အနေနဲ့ ခေါ်ဆိုရေးစင်တာ လိမ်လည်မှုတွေ နဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

လာမယ့် မိုးရာသီအတွက် ရေကြီးရေလျှံမှုမဖြစ်အောင် နှစ်နိုင်ငံကြားရှိ မြစ်ချောင်းတွေ၊ ရေလမ်းတွေက အတားအဆီးတွေဖယ်ရှားရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ညီလာခံကို ဧပြီ ၃ ရက် နဲ့ ၄ ရက် နှစ်ရက်ကြာ ကျင်းပနေပြီး အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံ ခုနှစ်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC ညီလာခံ တက်ရောက်ခွင့်ပြုတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သလို justice for Myanmar အပါအဝင် အဖွဲ့အစည်း ၃၁၀ ကျော်ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၃ ရက်နေ့ မနေ့ကလည်း ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေက မြန်မာစစ်ခေါင်းဆောင်ကို လူသတ်သမား လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org