မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံဦးဆောင်သင့်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံမှာ နှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စစ်ကောင်စီနဲ့ ဆက်သွယ်ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin အား တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံမှာ နှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စစ်ကောင်စီနဲ့ ဆက်သွယ်ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်အတိုင်း လိုက်နာမှာဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ ကီလိုမီတာ ၂ဝဝဝ ခန့် နယ်စပ်ချင်း ထိစပ်နေတဲ့အတွက် ထိုင်းနိုင်ငံက ဆွေးနွေးပွဲတွေ ဦးဆောင်မှာကို တခြားအာဆီယံနိုင်ငံတွေအနေနဲ့ သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီစကားတွေကို ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်မြို့မှာ နစ်ကီအေးရှား သတင်းဌာနနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး အသေအချာ ကိုင်တွယ်နိုင်ခြင်းမရှိသေးသလို ဒုက္ခသည်တွေအနေနဲ့ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့အပြင် ဒေသခံ ထိုင်းနိုင်ငံသားတွေလည်း အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကိုလည်း သူ့အနေနဲ့ အားရကျေနပ်မှုမရှိဘူးလို့ ဆိုပါတယ်။

မြန်မာ့ပြည်တွင်းရေးပြဿနာဟာ တစ်နေ့တခြားဆိုးဝါးလာနေပြီး တခြားဒေသတွေကိုပါ ပြန့်ပွားကူးစက်နေကြောင်း၊ စစ်ပွဲတွေ နိုင်ငံအနှံ့ဖြစ်နေတာကြောင့် ငွေကြေးလိုအပ်နေတဲ့ အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးတွေကို အရင်ကထက် ပိုမိုရောင်းချလာနေကြကြောင်း၊ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသကို အသေအချာကာကွယ်ဖို့ လိုအပ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org