မန္တလေးသပိတ်စခန်းကို ဘာကြောင့်ဖယ်ရှားသလဲဆိုတာ ဝန်ကြီးချုပ်ပြော

မရေရာမသေချာတဲ့ အချက်အလက်တွေနဲ့ ကြွေးကြော်ပြီးတော့ နိုင်ငံတော်အစိုးရကို ဖြုတ်ပေးပါ ဆိုပြီး တောင်းဆိုနေတာဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာတဲ့အတွက် မန္တလေးမြို့က သပိတ်စခန်းကို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

မန္တလေးမြို့က တိုင်းအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ် Photo: Hset Paing Toe/RFA

မရေရာမသေချာတဲ့ အချက်အလက်တွေနဲ့ ကြွေးကြော်ပြီးတော့ နိုင်ငံတော်အစိုးရကို ဖြုတ်ပေးပါဆိုပြီး တောင်း ဆိုနေတာဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာတဲ့အတွက် မန္တလေးမြို့က သပိတ်စခန်းကို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့က တိုင်းအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင် က ပြောလိုက်တာဖြစ်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကစပြီး မန္တလေးမြို့က သာသနာ ၂၅ဝဝ ဗိမာန်ဝင်းအတွင်းမှာဖွင့်လှစ်ခဲ့တဲ့ သပိတ်စခန်းကို ဒီကနေ့ မနက်စောစော ၂ နာရီခန့်မှာ သံဃာတချို့နဲ့ လူတချို့ကို ဖမ်းဆီးလိုက်ပြီး သပိတ်စခန်းကို ဖယ်ရှားလိုက် ပါတယ်။

ဒါ့အပြင် သပိတ်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရှိသလို ကြိုးကိုင်သူတွေကို လက်ရှိအချိန်ထိ မဖော် ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးဖို့ကျန်နေသေးတဲ့ ဦးဆောင်သံဃာ ၂ ပါးကိုလည်း ရဲတပ်ဖွဲ့က ဝရမ်းပြေးအနေနဲ့ ရှာဖွေဖမ်းဆီးသွားမယ် လို့ ပြောပါတယ်။

စုစုပေါင်း သံဃာ ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) အရ အရေးယူ သွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org