သပိတ်စခန်းတွေ ရန်ကုန်နဲ့ မန္တလေးမှာ တပြိုင်တည်းဖွင့်

သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ တပြိုင်နက်တည်း ဖွင့်လိုက်ပါတယ်။

အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို သြဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ သာသနာ ၂၅၀၀ ပြည့် ရတနာဗိမာန်တော်အတွင်းမှာ ဖွင့်လှစ်စဉ် Photo: Hset Paing Toe/ RFA

သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ တပြိုင်နက်တည်း ဖွင့်လိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၅၀ ကျော်ဟာ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဖွင့်လှစ်တာဖြစ်ပြီး မန္တလေးမြို့မှာ သာသနာ ၂၅၀၀ ပြည့် ရတနာ ဗိမာန်တော်အတွင်းမှာ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည်အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေတဲ့ အစိုးရကိုဆန့်ကျင်ကြောင်း၊ အမျိုးဘာသာ သာသနာကို နှိမ့်ချတဲ့ အစိုးရကို အလိုမရှိကြောင်းနဲ့ စီမံခန့်ခွဲမှု မကျွမ်းကျင်သူတွေကို နေရာပေးတဲ့ အစိုးရကို အလိုမရှိကြောင်း၊ တိုင်းရင်းသားတွေကို ပစ်ပယ်ပြီး ပြည်ပပညာရှင်တွေကို အားကိုးတဲ့ အစိုးရ အလိုမရှိကြောင်းနဲ့ အာဏာယူပြီး တိုင်းပြည်အကျိုးမကာကွယ်နိုင်တဲ့ အစိုးရကို အလိုမရှိကြောင်း  ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ ပါတယ်။

မန္တလေးမြို့က သပိတ်စခန်းကို တပတ်ကြာဖွင့်လှစ်သွားမယ်လို့ သံဃာတပါးက မိန့်ကြားပါတယ်။ မန္တလေးမြို့နယ် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေက ဆန္ဒပြသံဃာတွေနဲ့ တွေ့ဆုံပြီး လက်ရှိ သပိတ်စခန်းဖွင့်တဲ့နေရာမှာ မလုပ်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org