ဆေးကုသစရိတ် တောင်းခံ မှု မြောင်းမြမြို့ ဒေသခံ ၃၀၀ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ နယ်ဆေးရုံကြီးမှာ လူနာတွေဆီက ဆေး ကုသစရိတ် တောင်းခံတာတွေရှိနေတဲ့ အတွက် အစိုးရက အရေးယူပေးဖို့ မြောင်းမြမြို့ ဒေသခံ ၃၀၀ လောက်က ဆေး ရုံကြီးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

မြောင်းမြမြို့နယ်ဆေးရုံကြီးမှာ လူနာတွေဆီက ဆေးကုသ စရိတ် တောင်းခံတာတွေရှိနေတဲ့အတွက် အစိုးရက အရေးယူပေးဖို့ မြောင်းမြမြို့ဒေသခံ ၃၀၀လောက် ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ် Photo: မြောင်းမြအွန်လိုင်းသတင်းစာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ဆေးရုံကြီးမှာ လူနာတွေဆီက ဆေးကုသစရိတ် တောင်းခံတာတွေ ရှိနေတဲ့အတွက် အစိုးရက အရေးယူပေးဖို့ မြောင်းမြ မြို့ ဒေသခံ ၃၀၀လောက်က ဆေးရုံကြီးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ မြောင်းမြမြို့ဒေသခံ ကိုဝင်းရွှေက

"အစိုးရကနေ ထောက်ပံ့ထားတဲ့ဆေးတွေရှိတယ်၊ မြို့လူထုအများစုက လှူဒါန်းထားပြီးတော့ ဆေးပဒေ သာပင်ဆိုပြီးတော့ သိန်းကို ၁၀ နဲ့ချီပြီးတော့ ဘဏ်မှာ အပ်ပေးထားတာတွေရှိတယ်၊ မြောင်းမြဆေးရုံ ကနေပြီးတော့ ဥပမာမွေးဖွားလူနာဆိုလ့ိုရှိရင်ဗျာ ရိုးရိုးမွေးရင် လေးသောင်းပေး၊ ရှယ်မွေးရင် ရှစ်သောင်းပေး၊ အဲ့ဒီလို တောင်းတိုင်းကို ပိုက်ဆံဖြည့်ပေးရတယ်ဗျာ၊ ကျနော်တို့က  သက်ဆိုင်ရာက အရေးယူပေးစေချင်လို့ ပြည်ထောင်စု အစိုးရသိသွားတဲ့အထိ ကျနော်တို့က ဖြစ်စေချင်လို့ ဆန္ဒပြတာပါ" လို့ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဆေးရုံကြီးရှေ့ကနေ မြို့တစ်ပတ်ပတ်ပြီး လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုချက်နဲ့ ဆန္ဒပြတာလို့ သိရပါတယ်။

မြောင်းမြမြို့နယ် ဆေးရုံကြီးက တာဝန်ရှိသူတွေဟာ မကြာခဏ လူနာတွေဆီက ငွေကျပ်သိန်းနဲ့ချီ တောင်းခံ တာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org