အမျိုးစောင့်ဥပဒေ ရေးဆွဲရေး အတွက် အခြေခံမူများ ထပ်မံပေးပို့မည်

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်း စိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ထားတဲ့ အမျိုး၊ ဘာသာ၊ သာသ နာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်းချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်။

ဆရာတော် ဘဒ္ဒန ္တတိလောကာဘိဝံသရဲ့ သက်တော် ၇၅ နှစ်ပြည့် စိန်ရတု ဝိဇာတကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို မတ်လ ၂ ရက်နေ့က အင်းစိန်ရွာမ ပရိယတ္ထိစာသင်တိုက်တွင် ပြုလုပ်စဉ် photo: NLD Facebook

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်းချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက  RFA ကို မိန့်ပါတယ်၊

နိုင်ငံမှာ အမျိုးစောင့်ဥပဒေ ပြဌာန်းပေးဖို့ အတွက် တောင်းဆိုရတာ ဗုဒ္ဓဘာသာဝင် အမျိူးသမီးတွေဟာ တခြားဘာသာဝင်တွေနဲ့  လက်ထပ်တဲ့အခါ အခွင့်အရေးဆုံးရှုံးခဲ့ရ တာတွေ တွေ့ရတာကြောင့် ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်၊

"လက်တလောလည်း သူတို့က လိုအပ်လို့တောင်း လို့ရှိရင် သူတို့အခု တောင်းတော့တောင်းတယ်၊ တောင်းတာကိုလည်း နဂိုတုန်းက ရည်ရွယ်ထားတဲ့ တင်မယ့်မူသဘောမျိုးလောက်ကိုပဲ ဦးဇင်းက ရှင်းလင်းချက်နဲ့ ထပ်ပြီးတော့တင်ပေးဖို့လည်း အစီအစဉ်ရှိပါတယ်၊ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာမဟုတ်သည့်တိုင်အောင် တိုင်းရင်းသား အမျိုးသမီးတွေဟာ ဘယ်သူနဲ့ပဲ လက်ထပ်ထိမ်းမြား တကယ့်အခက်အခဲကြုံတဲ့အခါမှာ အခွင့်အရေး ရသင့်သလောက်ရနိုင်အောင် လုပ်ပေးတဲ့ ဥပဒေကြမ်းပါပဲ၊ "

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန ္တတိလောကာဘိဝံသက မိန့်ကြားသွားတာပါ၊

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မဖြစ်မနေပြဌာန်းပေးဖို့ ဆရာတော် ဘဒ္ဒန ္တတိလောကာဘိဝံသကနဲ့အတူ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မထံ ပြီးခဲ့တဲ့ဇူလိုင်လ ၉ ရက်နေ့က ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေနှစ်ရပ် ပြဋ္ဌာန်းရေးအတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို အခုလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသကို  RFA အဖွဲ့သူ မသင်းသီရိ လျှောက်ထားတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org