အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ၇ ဖွဲ့ အတည်ပြုဆုံးဖြတ်
NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ထိုးမှာဖြစ်ပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ကတော့ အားလုံးပါဝင်ရေးမူအတိုင်း ဆက်လက်ကိုင်စွဲသွားကြ ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
-
2015-09-29 -
-
-
Your browser doesn’t support HTML5 audio
NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ထိုးမှာဖြစ်ပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ကတော့ အားလုံးပါဝင်ရေးမူအတိုင်း ဆက်လက်ကိုင်စွဲသွားကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီကနေ့ ထိပ်သီးအစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အဖွဲ့ ၇ ဖွဲ့ကတော့ KNU ကရင် အမျိုးသား အစည်းအရုံး ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA–PC ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ၊ CNF ချင်းအမျိုးသားတပ်ဦး၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီတို့ ဖြစ်ပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ MNSP မွန်ပြည် သစ်ပါတီ၊ MNDAA ကိုးကန့်တပ်မတော်၊ AA ရခိုင်တပ်မတော်၊ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ စတဲ့အဖွဲ့ ၁၀ ဖွဲ့ကတော့ ပါဝင်လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။