လူမှုအဖွဲ့များ ကျောင်းသားများနဲ့ NCCT ကိုယ်စားလှယ်များတွေ့ဆုံ

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေ ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော် က ကိုယ်စားလှယ်တွေအပြင် သာယာဝတီအကျဉ်းထောင် ကနေ လွတ်မြောက်လာတဲ့ ကျောင်းသား ကျောင်းသူ ၄ ဦး တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

NCCT ကိုယ်စားလှယ်တွေကို ၂ဝ၁၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာတွေ့ရစဉ် Photo: Thiha Tun/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ်တွေအပြင် သာယာဝတီ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ကျောင်း သား ကျောင်းသူ ၄ ဦးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ တွေ့ဆုံပွဲကျင်းပခဲ့ တာဖြစ်ပါတယ်။ တက်ရောက်ခဲ့တဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေကို မေးမြန်းခဲ့တယ် လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြု တဲ့ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ် ထူးဝင်းက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် သဘောတူညီချက်ကို အစိုးရက ချိုးဖောက်ခဲ့တာကိုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို သာယာဝတီအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား ကျောင်းသူ ၄ ဦး တက်ရောက်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေးအတွက် ကြိုးစားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တေ့ွဆုံပွဲကို ပေါင်းကူး၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ငြိမ်းဖောင်ဒေးရှင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ကွန်ရက်၊ ငြိမ်းချမ်းမြန်မာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းမြန်မာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင် ကို RFA သတင်းထောက် မစန်းမော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org