လက်လုပ်လက်စား အမျိုးသမီးများကို အတိုးမဲ့ငွေချေးမည်

တောင်ဥက္ကလာမြို့နယ်တွင်းက လက်လုပ်လက်စား အမျိုးသမီးတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်း အထောက်အကူပြု အဖွဲ့နဲ့ တောင်ဥက္ကလာပ လူငယ်ကွန်ရက်အဖွဲ့တို့က လာမဲ့ ဇွန်လ ၁ ရက်နေ့မှာ အတိုးမဲ့ ငွေထုတ်ချေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ ဈေးတခုမှ ကြက်သားဆိုင် ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

လက်လုပ်လက်စား ဈေးသည်တဦးကို ကျပ် ၂ သောင်းနှုန်းနဲ့ အယောက် ၅၀ ထုတ်ချေးဖို့ စီစဉ်ထားပြီး လျှောက်လွှာတွေ စတင် လက်ခံနေပြီလို့လည်း သိရပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး တောင်ဥက္ကလာ လူငယ်ကွန်ရက်ကို ဦးဆောင် ဖွဲ့စည်းသူတဦး ဖြစ်တဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ စောနိုင်ကို RFA မှ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org