NLD CEC အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ် ခံရတဲ့ကိစ္စကို ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ကော်မတီဝင် တွေကို ဒီနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာ တွေ့ရစဉ် Photo: Win Naung Toe/ RFA

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ် ခံရတဲ့ကိစ္စကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ကော်မတီဝင် တွေကို ဒီနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာရှိတဲ့ ယူနီစန် စားသောက်ဆိုင်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပတာဖြစ်ပါတယ်။

အစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးဝင်းထိန်း ရှင်းပြတာတွေ နဲ့ပတ်သက်ပြီး ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD ပါတီ ဥက္ကဌ ဦးတင်မောင်တိုးကို ဖေ့ဘွတ်စ်မှာ စော်ကားတဲ့ စာသားတွေ ရေးတင်ခဲ့တာဟာ ပါတီစည်းကမ်းကို ဖောက်ဖျက်တာဆိုပြီး ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးကို ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ဆောင်တာ အားနည်းခဲ့တယ်ဆိုတဲ့ အချက်နဲ့ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန် ၊ ဒေါက်တာမေဝင်းမြင့်၊ ဦးအုန်းကြိုင် ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org