အသက် ၆၈ နှစ်အရွယ် မွန်ဝန်ကြီးချုပ် ထောင် ၂၁ နှစ် ချမှတ်ခံရ

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာအေးဇံကို စစ်ကောင်စီဘက်က အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ အမှုပေါင်းကိုးမှုဖွင့် စွပ်စွဲတရားစွဲခဲ့တာဖြစ်ပြီး၊ အဲဒီအမှုတွေ အားလုံးအတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်တာလို့ စစ်ကောင်စီသတင်းဌာနကနေ ကြေညာပါတယ်။

NLD အစိုးရ လက်ထက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ။

NLD အစိုးရ လက်ထက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဒေါက်တာအေးဇံကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ဒီကနေ့ ချမှတ်လိုက်ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာအေးဇံကို စစ်ကောင်စီဘက်က အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ အမှုပေါင်းကိုးမှုဖွင့် စွပ်စွဲတရားစွဲခဲ့တာဖြစ်ပြီး၊ အဲဒီအမှုတွေ အားလုံးအတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်တာလို့ စစ်ကောင်စီ သတင်းဌာနကနေ ကြေညာပါတယ်။

ဒေါက်တာအေးဇံဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်မှာ ငွေသိန်းထောင်ချီ လာဘ်စားခဲ့သလို၊ ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေတွေကိုလည်း အလွှဲသုံးစားလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ NLD အစိုးရ ဝန်ကြီးတွေကို ဖမ်းဆီးပြီး အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မအမျိုးမျိုးတပ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန် အစောဆုံး ဖမ်းဆီး ခံရသူတွေထဲ ဒေါက်တာအေးဇံလည်း ပါပါတယ်။

အဲဒီနောက် ပြန်လွတ်လာခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံရပြီး ၁ဝ အကြာမှာ ဒေါက်တာအေးဇံ နောက်တစ်ကြိမ်ဖမ်းခံခဲ့ရတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင် ၂၀၉ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org