လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် တိုင်ကြားခံထားရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက် ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေးဌာနထံ တိုင် ကြားစာ ၁၀၀ ကျော် လက်ခံရရှိထားပြီး အဲဒီထဲမှာ ရန်ကုန်၊ ဧရာဝတီ၊ မကွေး စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အများဆုံး တိုင်ကြားကြ တယ်လို့ ဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ စုံညီတွေ့ဆုံပွဲကို ရန်ကုန်မြို့ SKY STAR ဟိုတယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေး ဌာနထံ တိုင်ကြားစာ ၁၀၀ ကျော် လက်ခံရရှိထားပြီး အဲဒီထဲမှာ ရန်ကုန်၊ ဧရာဝတီ၊ မကွေး စစ်ကိုင်းနဲ့ ပဲခူး တိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အများဆုံး တိုင်ကြားကြတယ်လို့ ဌာနတာဝန်ခံ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုအားနည်းတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြုမှုပြောဆို မှုတွေနဲ့ ပတ်သက်ပြီး အများဆုံးတိုင်ကြားကြတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"အစီရင်ခံစာ ၆၅ စောင်လောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြီးပါပြီ၊ အဓိကကတော့ ဗဟိုအလုပ် အမှုဆောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြုမှုပြောဆိုမှုနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားကြတာ အများဆုံးပါပဲ"

ဗဟိုတိုင်ကြားရေးဌာနထံ တိုင်ကြားစာပေါင်း ၂၀၀ ကျော် ရောက်ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ လွှတ်တော် ကိုယ်စားလှယ်ကို တိုင်ကြားတာမျိုးမဟုတ်ပဲ သာမာန်ပါတီဝင်တွေကို တိုင်ကြားတာ၊ အမှုဆောင် အဖွဲ့တွေကို တိုင်ကြားတာ၊ အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားတာ၊ မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေ ပါရှိတယ်လို့လည်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မသက်ဆိုင်တဲ့ တိုင်ကြားစာတွေကို ကိုင်တွယ်ဖြေရှင်းပေးတာ မရှိဘူးလို့ ပြော ပါတယ်။

ကိုယ်စားလှယ်တစ်ဦးတည်းကိုပဲ အကြောင်းအရာအမျိုးမျိုးနဲ့ တိုင်ကြားတာတွေ တိုင်ကြားသူ ၄ ယောက် ၅ ယောက်လောက်က တိုင်ကြားတာတွေ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ၆၅ စောင်ကို စိစစ်ပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org